عَنْ أَبِي هُرَيْرَةَ عَبْدِ الرَّحْمَنِ بْنِ صَخْرٍ رَضِيَ اللَّهُ عَنْهُ قَالَ: سَمِعْت رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّم يَقُولُ:
«مَا نَهَيْتُكُمْ عَنْهُ فَاجْتَنِبُوهُ، وَمَا أَمَرْتُكُمْ بِهِ فَافْعَلُوا مِنْهُ مَا اسْتَطَعْتُمْ، فَإِنَّمَا أَهْلَكَ الَّذِينَ مِنْ قَبْلِكُمْ كَثْرَةُ مَسَائِلِهِمْ، وَاخْتِلَافُهُمْ عَلَى أَنْبِيَائِهِمْ».
[صحيح] - [رواه البخاري ومسلم] - [الأربعون النووية: 9]
المزيــد ...
အဗူဟူရိုင်ရဟ် အဗ်ဒွရ်ရဟ်မားန် ဗင်န် စွခ်ရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
" ငါတမန်တော် အသင်တို့အား တားမြစ်ထားသောအရာများကို ရှောင်ကြဉ်ကြပါ၊ ထို့နောက် ငါတမန်တော် အသင်တို့အား အမိန့်ပေးထားသောအရာများကို အသင်တို့ တတ်စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသောသူများအား ( မလိုအပ်ဘဲ ) အမေးမြန်းထူခြင်းနှင့် ၎င်းတို့၏ တမန်တော်များအား သွေဖည်ဆန့်ကျင်ကြခြင်းတို့က ပျက်စီးစေခဲ့ခြင်းဖြစ်သည်"။
[صحيح] - [رواه البخاري ومسلم] - [الأربعون النووية - 9]
တမန်တော်(ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် အရှင်မြတ်က ကျွန်ုပ်တို့အား တစ်စုံတစ်ရာကို မပြုလုပ်ရန် တားမြစ်ထားပါက မည်သည့်ခြွင်းချက်မှမရှိဘဲ ရှောင်ကြဉ်ရမည်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို ပြုလုပ်ရန် ညွှန်ကြားထားပါက ကျွန်ုပ်တို့ စွမ်းဆောင်နိုင်သမျှကို ပြုလုပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြ တော်မူခဲ့၏။ ထို့နောက် အရှင်မြတ်သည် ကျွန်ုပ်တို့အား ယခင်က လူမျိုးအချို့ကဲ့သို့ မဖြစ်စေရန် သတိပေးခဲ့သည်။ ထိုလူများသည် မိမိတို့၏နဗီတမန်တော်များအား သူတို့ကို ဆန့်ကျင်ကာ မေးခွန်းများစွာမေးမြန်းခဲ့ကြလေ၏။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖျက်ဆီးခြင်းအမျိုးမျိုးဖြင့် အပြစ်ပေးတော်မူခဲ့ သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ၎င်းတို့ကဲ့သို့ ဖျက်စီးခြင်းမခံရစေရန် ၎င်းတို့နည်းတူ မဖြစ်သင့်ပေ။