အမျိုးအစား:

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إنَّ اللَّهَ طَيِّبٌ لَا يَقْبَلُ إلَّا طَيِّبًا، وَإِنَّ اللَّهَ أَمَرَ المُؤْمِنِينَ بِمَا أَمَرَ بِهِ المُرْسَلِينَ، فَقَالَ تَعَالَى: {يَا أَيُّهَا الرُّسُلُ كُلُوا مِنْ الطَّيِّبَاتِ وَاعْمَلُوا صَالِحًا}، وَقَالَ تَعَالَى: {يَا أَيُّهَا الَّذِينَ آمَنُوا كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ} ثُمَّ ذَكَرَ الرَّجُلَ، يُطِيلُ السَّفَرَ، أَشْعَثَ، أَغْبَرَ، يَمُدُّ يَدَيْهِ إلَى السَّمَاءِ: يَا رَبِّ! يَا رَبِّ! وَمَطْعَمُهُ حَرَامٌ، وَمَشْرَبُهُ حَرَامٌ، وَمَلْبَسُهُ حَرَامٌ، وَغُذِيَ بِالحَرَامِ، فَأَنَّى يُسْتَجَابُ لَذلك».

[صحيح] - [رواه مسلم] - [الأربعون النووية: 10]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

____
ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် အလွန်သန့်ရှင်းစင်ကြယ်တော်မူသောအရှင် ဖြစ်တော်မူ၍ သန့်ရှင်းစင်ကြယ်သောအရာများကိုသာ လက်ခံတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် ယုံကြည်သူအပေါင်းတို့အား မိမိ၏ရစူလ်တမန်တော်များအား ညွှန်ကြားတော်မူခဲ့သည့် အမိန့်တော်အတိုင်းပင် ညွှန်ကြားတော်မူခဲ့၏။ အရှင်မြတ်က မိန့်ကြားတော်မူခဲ့သည်မှာ - "အို- ရစူလ်တမန်တော်အပေါင်းတို့၊ သင်တို့သည် စင်ကြယ်သန့်ရှင်းသော (ဟလာလ်) အစားအစာများကို စားသုံးကြလော့။ ထို့ပြင် သင်တို့သည် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြလော့" ထို့ပြင် အရှင်မြတ်က (ဤသို့လည်း) မိန့်ကြားတော်မူခဲ့၏ - "အို- မုအ်မင်န် ယုံကြည်သူအပေါင်းတို့၊ ငါအရှင်မြတ်က သင်တို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော စင်ကြယ်သန့်ရှင်းသည့် (ဟလာလ်) အစားအစာများမှ စားသုံးကြလော့" ဟူ၍ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) က ခရီးရှည်ထွက်လာသော လူတစ်ဦး၏အကြောင်းကို တင်ပြတော်မူခဲ့၏။ ထိုလူ၏ ဆံပင်များသည် ဖရိုဖရဲဖြစ်နေကာ ကိုယ်ခန္ဓာမှာလည်း ဖုန်မှုန့်များဖြင့် ညစ်ပတ်လျက်ရှိပြီး (ထိုအခြေအနေ၌ပင် )သူသည် မိမိ၏လက်နှစ်ဘက်ကို မိုးကောင်းကင်သို့ ဆန့်တန်းကာ "အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်" ဟု ဒုအာပြု‌လေသည်။ သို့ရာတွင် သူ၏အစားအစာမှာ ဟရာမ်၊ သူ၏ သောက်စရာမှာ ဟရာမ်ဖြစ်၍၊ သူ၏ အဝတ်အစားမှာ ဟရာမ်ဖြစ်ကာ၊ ဟရာမ်နှင့်ပင် သူ့ကိုကြီးပြင်းအောင် မွေးမြူခဲ့သည်ဖြစ်‌လေရာ ထိုသို့သောသူ၏ တောင်းဆုဒုအာသည် မည်သို့လက်ခံခြင်းခံရမည်နည်း။

[صحيح] - [رواه مسلم] - [الأربعون النووية - 10]

ရှင်းလင်းချက်

____

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကာဿွီ အိယားဿ်ွက မိန့်ဆိုသည်မှာ - သွိုင်ယိဗ်(စင်ကြယ်သန့်ရှင်းမှု)သည် ခဗီးစ်(ညစ်ညမ်းမှု)၏ ဆန့်ကျင်ဘက် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်အား"အသ်သွိုင်ယိဗ်" ဟူ၍ ဂုဏ်ပေးတင်စားသောအခါ၊ ၎င်း၏အလိုသဘောမှာ အရှင်မြတ်သည် ချို့ယွင်းချက်အားလုံးမှ ကင်းစင်တော်မူပြီး အပြစ်အနာအဆာများမှ သန့်ရှင်းစင်ကြယ်တော်မူကြောင်း ဆိုလိုသည်။ အဖန်ဆင်းခံကျေးကျွန်အား"အသ်သွိုင်ယိဗ်" ဟူ၍ ယေဘုယျအားဖြင့် ဂုဏ်‌ပေးတင်စားသောအခါ၊ ၎င်း၏ အလိုသဘောမှာ ထိုသူသည် ယုတ်ညံ့သော စရိုက်လက္ခဏာများနှင့် ရွံရှာဖွယ်ရာ အပြုအမူများမှ ကင်းစင်ပြီး ၎င်းတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ကောင်းမြတ်သည့် အရည်အသွေးများဖြင့် တန်ဆာဆင်ထားသူဖြစ်ကြောင်း ဆိုလိုသည်။ ဥစ္စာဓနအား"အသ်သွိုင်ယိဗ်"ဟူ၍ တင်စားသောအခါ၊ ၎င်း၏အလိုသဘောမှာ ယင်းဥစ္စာဓနများသည် ဟလာလ် (ခွင့်ပြုထားသော) ဥစ္စာဓနများအနက်မှ အကောင်းဆုံးသောအရာများ ဖြစ်ကြောင်း ဆိုလိုသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)
အမျိုးအစားများ
ထပ်၍