အမျိုးအစား:

عَنْ أَبِي مُـحَمَّدٍ الحَسَنِ بْنِ عَلِيِّ بْنِ أَبِي طَالِبٍ - سِبْطِ رَسُولِ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ وَرَيْحَانَتِهِ-، قَالَ: حَفِظْتُ مِنْ رَسُولِ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ:
«دَعْ مَا يَرِيبُك إلَى مَا لَا يَرِيبُكَ».

[صحيح] - [رواه الترمذي والنسائي] - [الأربعون النووية: 11]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

တမန်တော်မြတ်၏မြေးတော် အဘူမုဟမ္မဒ် အလ် ဟစန် ဗင်န် အလီ ဗင်န် အဘူသွာလိဗ် ( ရဿွိယလ္လာဟု အန်ဟုမာ ) ဆင့်ပြန်ခဲ့သည်မှာ- ကျွန်ုပ်သည် တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) ထံမှ ကျက်မှတ်ထိန်းသိမ်းခဲ့၏။
" သံသယဖြစ်စေသောအရာကို စွန့်လွှတ်၍ သံသယမဖြစ်စေသောအရာကို ရွေးချယ်လော့။"

[صحيح] - [رواه الترمذي والنسائي] - [الأربعون النووية - 11]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကအ‌ပြောအဆို၊လုပ်ရပ်များစသည့် အရာတစ်ခုခုနှင့်ပတ်သက်၍ ထိုအရာသည် ဟရာမ် (တားမြစ်ထားသောအရာ) လား ဟလာလ် (ခွင့်ပြုထားသောအရာ) လားဟု သံသယဖြစ်နေပါက၊ ထိုသံသယဖြစ်ဖွယ်အရာကိုစွန့်လွှတ်ပြီး၊ မည်သည့်သံသယမှမရှိသော၊ ဟလာလ်ဖြစ်ကြောင်း၊ ကောင်းမွန်မှန်ကန်ကြောင်း စိတ်ချယုံကြည်ရသောအရာများကိုသာ ရွေးချယ်ကျင့်သုံးရန် မိန့်တော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)
အမျိုးအစားများ
ထပ်၍