အမျိုးအစား: . .
+ -
عَنْ عَائِشَةَ رضي الله عنها قَالَتْ: قَالَ رَسُولُ اللهِ صلى الله عليه وسلم:

«مَنْ أَحْدَثَ فِي أَمْرِنَا هَذَا مَا لَيْسَ فِيهِ فَهُوَ رَدٌّ» متفق عليه. ولمسلم: «مَنْ عَمِلَ عَمَلًا لَيْسَ عَلَيْهِ أَمْرُنَا فَهُوَ رَدٌّ».
[صحيح] - [متفق عليه] - [صحيح البخاري: 2697]
المزيــد ...

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။ (ဗုခါရီကျမ်း၊ မွတ်စ်လင်မ်ကျမ်း) မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ- အကြင်သူသည် မည်သည့်အမလ်ကောင်းမှုကိုမဆို ပြုလုပ်ရာ၌ ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင် ထိုအရာသည် ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 2697]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ မည်သူမဆို သာသနာတော်၌ တရားသစ်တီထွင်မည် သို့မဟုတ် ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးဆ်တော်တွင် အထောက်အထားမရှိသော ကိစ္စတစ်စုံတစ်ရာကို ပြုလုပ်မည်ဆိုပါက ထိုလုပ်ရပ်သည် ပြုလုပ်သူထံမှ ပယ်ချခြင်းခံရမည်ဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် လက်ခံသဘောတူခြင်းခံရမည် မဟုတ်ပါ။

الملاحظة
هذا تفسير لا ينسجم مع الحديث. الاختراع ليس هو الإحداث ثم ماليش فيه ليس معناها ما ليس عليه دليل الفرق واضح ،
النص المقترح لا يوجد...

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ခဝပ်ကိုးကွယ်မှုသည် ကုရ်အာန်ကျမ်းမြတ်နှင့် စွန္နဟ်တွင်ပါရှိသည့် အရာများအပေါ်တွင်သာ အခြေခံသည်။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို အရှင်မြတ် သတ်မှတ်ထားသည့် ‘ရှရီအဟ်’တရားလမ်းစဉ်အတိုင်းသာ ခဝပ်ကိုးကွယ်ရမည်ဖြစ်ပြီး၊ တရားသစ်တီထွင်ကာ အသစ်အဆန်းများပြုလုပ်၍ ခဝပ်ကိုးကွယ်ခွင့်မရှိပါ။
  2. သာသနာသည် အတွေးအခေါ် အယူအဆနှင့် ကောင်းသည်ဟု ထင်မြင်ချက်တို့အပေါ် အခြေမခံဘဲ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား နောက်လိုက်ခြင်းပေါ်တွင်သာ အခြေခံထားသည်။
  3. အစ္စလာမ်သာသနာသည် ပြီးပြည့်စုံကြောင်း ဤဟဒီးဆ်တော်က ညွှန်ပြထားသည်။
  4. ‘ဗိဒ်အဟ်’ဟူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် ဆွဟာဗဟ် သာဝကများခေတ်တွင် ဘာသာရေးအဖြစ်မရှိခဲ့သော အသစ်တီထွင်ထားသည့် အကီဒဟ်’ယုံကြည်မှု၊ ပြောဆိုမှု၊ လုပ်ဆောင်မှုအားလုံးကိုခေါ်ဆိုသည်။
  5. ဤဟဒီးဆ်တော်သည် အစ္စလာမ့် အခြေခံစည်းမျည်းများအနက်မှ တစ်ခုဖြစ်ပြီး အမလ်ကျင့်ဆောင်မှုများအတွက် စံသတ်မှတ်ချက်တစ်ခုလည်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန် ရည်ရွယ်ချက် မပါသော အမလ်ကျင့်ဆောင်မှုတိုင်းအတွက် ပြုလုပ်သူသည် အကျိုးကုသိုလ် မရရှိသလို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ စွန္နသ်တော်နှင့် မကိုက်ညီသည့် အမလ်ကျင့်ဆောင်မှုတိုင်းသည် ပြုလုပ်သူထံမှ ပယ်ချခြင်းခံရမည်ဖြစ်သည်။
  6. သာသနာရးကိစ္စများတွင် အသစ်တီထွင်ခြင်းကိုတားမြစ်ထားပြီး၊ လောကီရေးကိစ္စများတွင် အသစ်တီထွင်ခြင်းကို တားမြစ်ထားခြင်း မရှိပါ။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি অরমো কন্নড় الولوف আজারী الأوزبكية الأوكرانية الجورجية المقدونية الخميرية الماراثية
ဘာသာပြန်များကို ကြည့်ရှုရန်
အမျိုးအစားများ
  • .
ထပ်၍