+ -

عن عدي بن حاتم عن النبي صلى الله عليه وسلم قال: (اليهود مغضوب عليهم، والنصارى ضُلَّال).
[صحيح] - [رواه الترمذي]
المزيــد ...

အဒီဗင်န်ဟာသင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်။ ယဟူဒီ(ဂျူး)များသည် အလ္လာဟ်အရှင်မြတ်၏အမျက်တော်ရှခြင်းခံရသူများဖြစ်ပြီး နဆ်ွရာနီ(ခရစ်ယာန်)များသည် လမ်းလွဲနေသူများဖြစ်ကြသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [သိရ်မိဇီကျမ်း။]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်။ယဟူဒီ(ဂျူး)များသည် အလ္လာဟ်အရှင်မြတ်၏အမျက်တော်ရှခြင်းခံရသူများဖြစ်ကြပြီး ၎င်းတို့သည်နဗီတမန်တော်များ၊ မုအ်မင်န် သက်ဝင်ယုံကြည်သူများ၊ မလာအိကဟ်(ကောင်းကင်တမန်) များ၏ အမျက်ထွက်ခြင်းခံရသူများလည်းဖြစ်ကြသည်။ နဆ်ွရာနီ(ခရစ်ယာန်)များသည် လမ်းမှားသူများဖြစ်ကြသည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားတော်မူထားသည့် ‘စူရဟ်ဖာသိဟဟ်’တွင်ပါရှိသော {.غَيْرِ ٱلْمَغْضُوبِ عَلَيْهِمْ وَلَا ٱلضَّآلِّينَ }၏ သဖ်စီးရ်အကျယ်ဖွင့်ဆိုချက်ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အမျက်တော်ရှခြင်းခံရသူများသည် ယဟူဒီ(ဂျူး)များဖြစ်ပြီး လမ်းလွဲနေသူများသည် နဆ်ွရာနီ(ခရစ်ယာန်)များဖြစ်ကြောင်း ရှင်းပြတော်မူခဲ့သည်။ ကျွန်တော်တို့သည်နေ့စဉ်နေ့တိုင်း ဆွလာသ်ထဲ၌ ကျွန်တော်တို့အား ဖြောင့်မတ်မှန်ကန်သည့် တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူရန်နှင့် ယဟူဒီများ၊ နဆွ်ရာနီများ၏ လမ်းစဉ်အတိုင်းနောက်လိုက်သူများမဖြစ်စေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံကြသည်။သို့ဖြစ်၍ မည်သည့်မွတ်စ်လင်မ်မဆို အသိပညာရှိပြီးထိုပညာနှင့်ဆန့်ကျင်ဘက်လျှောက်လှမ်းပါက ၎င်းသည် ယဟူဒီနှင့်တူပြီး မည်သည့်မွတ်စ်လင်မ်မဆို အသိပညာမရှိဘဲ ခဝပ်ကိုးကွယ်မှုပြုပါက ၎င်းသည် နဆ်ွရာနီနှင့်တူမည်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ အင်ဒိုနီးရှား ဝီဂါ တူရကီ ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ ဗီယက်နမ် ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ ထိုင်း ပါရှ်တို အာသံ السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية التشيكية মালাগাসি অরমো الأوكرانية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကုရ်အာန်ကျမ်းမြတ်ကို စွန္နဟ်(ဟဒီးဆ်)ဖြင့် အကျယ်ဖွင့်ဆိုထားသည်။
  2. တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အွမ္မသ်နောက်လိုက်များ၏ မွန်မြတ်မှုနှင့် ၎င်းတို့သည် အသိပညာနှင့်အမလ်ကျင့်သုံးမှု ပေါင်းစည်းထားသော ဖြောင့်မတ်မှန်ကန်သည့် တရားလမ်းစဉ်ပေါ်တွင်ရှိကြောင်း ဖော်ပြထားသည်။
  3. ကျွန်တော်တို့အား ဖြောင့်မတ်မှန်ကန်သည့် တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူရန်နှင့် ယဟူဒီများ၊ နဆွ်ရာနီများကဲ့သို့ မဖြစ်ကြစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံရမည်။
  4. မည်သူမဆို အသိပညာရှိပြီး ထိုအပေါ်လိုက်နာခြင်းမရှိဘဲ စိတ်အလိုရမ္မက်နောက်သို့လိုက်ပါက ၎င်းသည် အမျက်တော်ရှခြင်းခံရသူဖြစ်ပြီး ယဟူဒီများတွင် ပါဝင်သွားမည်။ ထို့ပြင် အသိပညာမရှိဘဲ အလ္လာဟ်အရှင်မြတ်အားခဝပ်မှုပြုသူတိုင်းသည် လမ်းမှားသူပင်ဖြစ်ပြီး ၎င်းသည် နဆ်ွရာနီများတွင် ပါဝင်သွားမည်ဖြစ်သည်။
ထပ်၍