عَنْ عُبَادَةَ بْنِ الصَّامِتِ رضي الله عنه أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَا صَلَاةَ لِمَنْ لَمْ يَقْرَأْ بِفَاتِحَةِ الكِتَابِ».

[صحيح] - [متفق عليه] - [صحيح البخاري: 756]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အုဗာဒဟ်ဗင်န် ဆွာမိသ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
စူရဟ်ဖာသိဟဟ် မဖတ်ရွတ်သူ၏ ဆွလာသ်သည် အထမမြောက်ပေ။

[صحيح] - [متفق عليه] - [صحيح البخاري - 756]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်လင်း မိန့်ကြားတော်မူခဲ့သည်မှာ စူရဟ်ဖာသိဟဟ် မဖတ်ရွတ်ပါက ဆွလာသ်အထမြောက်မည် မဟုတ်ပါ။ သို့ဖြစ်၍ စူရဟ်ဖာသိဟဟ်သည် ဆွလာသ်၏ ရကအသ်တိုင်းတွင်ရှိသော ဖရ်ဿ်ွအချက်များအနက်မှ တစ်ခုဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စူရဟ်ဖာသိဟဟ် ဖတ်ရွတ်နိုင်လျှင် ၎င်းအစား အခြားမည်သည့်စူရဟ်မျှ အစားထိုးဖတ်ခွင့်မရှိပါ။
  2. သိလျက်နဲ့ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ မေ့‌လျော၍ဖြစ်စေ စူရဟ်ဖာသိဟဟ် မဖတ်ရွတ်လိုက်သော ရကအသ်သည် ပျက်သွားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စူရဟ်ဖာသိဟဟ် ဖတ်ရွတ်ခြင်းသည် (ရုကွန်) ဖရ်ဿွ်ဖြစ်ပြီး ဖရ်ဿ်ွများသည် အကြောင်းမဲ့ ပြုတ်သွားသည်ဟူ၍ မရှိပါ။
  3. အကယ်၍ အနောက်မှလိုက်ဖတ်သူသည် အိမာမ်ရှေ့ဆောင်ကို ရုကူအ် ဦးညွတ်ချိန်တွင်သာ မီလိုက်ပါက စူရဟ်ဖာသိဟဟ် ဖတ်ရန် တာဝန်မရှိတော့ပါ။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)