عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ:
أَنَّ أَعْرَابِيًّا أَتَى النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: دُلَّنِي عَلَى عَمَلٍ إِذَا عَمِلْتُهُ دَخَلْتُ الجَنَّةَ، قَالَ: «تَعْبُدُ اللَّهَ لاَ تُشْرِكُ بِهِ شَيْئًا، وَتُقِيمُ الصَّلاَةَ المَكْتُوبَةَ، وَتُؤَدِّي الزَّكَاةَ المَفْرُوضَةَ، وَتَصُومُ رَمَضَانَ» قَالَ: وَالَّذِي نَفْسِي بِيَدِهِ لاَ أَزِيدُ عَلَى هَذَا، فَلَمَّا وَلَّى قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «مَنْ سَرَّهُ أَنْ يَنْظُرَ إِلَى رَجُلٍ مِنْ أَهْلِ الجَنَّةِ، فَلْيَنْظُرْ إِلَى هَذَا».
المزيد
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျေးတောသားတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ လျှောက်ထားသည်မှာ ကျွန်တော်မျိုးအား အမလ်ကျင့်ဆောင်မှုတစ်ခု ညွှန်ပြပေးတော်မူပါ ကျွန်တော်မျိုးသည် ထိုအမလ်ကိုဆောင်ရွက်ပါက ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ သင်သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပါ။ အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုနှင့်။ ဖရ်ဿ်ွအဖြစ် ပြဌာန်းထားသည့် ဆွလာသ်ကို ဆောက်တည်ပါ။ ဖရ်ဿ်ွအဖြစ် ပြဌာန်းထားသည့် ဇကာသ်ကို ပေးဆောင်ပါ။ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ် စောင့်ထိန်းပါ။ ထိုအခါ ကျေးတောသားက အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်တော်မျိုး၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်ပါသည်ကျွန်တော်မျိုးသည် ဤအချက်များထက် ပို၍မလုပ်ပါဟု ပြောကြားခဲ့သည်။ ၎င်းသူ လှည့်ပြန်သွားသည့်အခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မည်သူမဆို ဂျန္နသ်သုခဘုံသားကို ကြည့်ရှု့ပြီး ဝမ်းမြောက်ကြည်နူးလိုလျှင် ဤပုဂ္ဂိုလ်ကိုကြည့်ပါ။