إِنِّي أُسْتَحَاضُ فَلاَ أَطْهُرُ، أَفَأَدَعُ الصَّلاَةَ؟ فَقَالَ: «لَا، إِنَّ ذَلِكِ عِرْقٌ، وَلَكِنْ دَعِي الصَّلاَةَ قَدْرَ الأَيَّامِ الَّتِي كُنْتِ تَحِيضِينَ فِيهَا، ثُمَّ اغْتَسِلِي وَصَلِّي». المزيد
မုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)ထံမှ ဆင့်ပြန်ချက်လာရှိသည်။ ဖာသွိမဟ် ဗင်န်သိ အဗီဟုဗိုင်းရှ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးလျှောက်ခဲ့သည်။
ကျွန်မသည် (ရောဂါကြောင့်) ရာသီသွေး အဆက်မပြတ်ဆင်းနေပြီး သန့်ပြန် သွားသည်ဟူ၍ မရှိခဲ့ပါ။ ကျွန်မသည် (ထိုရက်များအားလုံးတွင်) ဆွလာသ်မဆောက်တည်ဘဲ နေရမည်လား။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည် မှာ မဆောက်တည်ဘဲနေခွင့်မရှိ ဤသည် သွေးကြောမှလာသည့်သွေးသာဖြစ်သည်။ သို့သော် အသင်မ ဓမ္မတာသွေးဆင်းလေ့ရှိသည့် ရက်အ တိုင်းအတာကိုသာ ဆွလာသ်ဆောက်တည်ခြင်းမပြုဘဲ နေရမည်။ ၎င်းနောက် (ထိုရက်များကျော်လွန်သွားပါက) သင်မရေချိုးပြီး ဆွလာသ်ဆောက်တည်ပါ။