«صَلِّ قَائِمًا، فَإِنْ لَمْ تَسْتَطِعْ فَقَاعِدًا، فَإِنْ لَمْ تَسْتَطِعْ فَعَلَى جَنْبٍ».
[صحيح] - [رواه البخاري] - [صحيح البخاري: 1117]
المزيــد ...
အင်မ်ရာန် ဗင်န် ဟုဆွိုင်န်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော့်တွင် လိပ်ခေါင်းရောဂါရှိနေသည်။ ထို့ကြောင့် ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဆွလာသ် ဆောက်တည်မှုနှင့်စပ်လျဉ်း၍ မေးမြန်းလျှောက်ထားခဲ့ရာ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ-
အသင်ရပ်၍ ဆွလာသ် ဆောက်တည်ပါ အကယ်၍ အသင် (ရပ်၍ ဆွလာသ်ဆောက်တည်ရန်)မစွမ်းနိုင်လျှင် ထိုင်၍ ဆောက်တည်ပါ။ အကယ်၍ အသင် (ထိုင်၍ ဆွလာသ်ဆောက်တည်ရန်) မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ပါ။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဆွလာသ်၏ မူလအခြေအနေမှာ မတ်တပ်ရပ်၍ ဆောက်တည်ခြင်းဖြစ်သည်။ သို့သော် မတ်တပ်ရပ်ရန် မတတ်စွမ်းနိုင်သည့် အခြေအနေမျိုးတွင် ထိုင်၍ ဆွလာသ်ဆောက်တည်ရမည်။ ထိုင်၍ ဆွလာသ်ဆောက်တည်ရန် မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ရမည် ဖြစ်သည်။