عَنِ النَّوَّاسِ بْنِ سِمْعَانَ رَضِيَ اللهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«البِرُّ: حُسْنُ الخُلُقِ، وَالإِثْمُ مَا حَاكَ فِي صَدْرِكَ، وَكَرِهْتَ أَنْ يَطَّلِعَ عَلَيْهِ النَّاسُ».
وَعَنْ وَابِصَةَ بْنِ مَعْبَدٍ رَضِيَ اللَّهُ عَنْهُ قَالَ: أَتَيْتُ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَقَالَ: «جِئْتَ تَسْأَلُ عَنِ البِرِّ وَالإِثْمِ»، قُلْتُ: نَعَمْ، قَالَ: «اسْتَفْتِ قَلْبَكَ، البِرُّ: مَا اطْمَأَنَّتْ إلَيْهِ النَّفْسُ، وَاطْمَأَنَّ إلَيْهِ القَلْبُ، وَالإِثْمُ: مَا حَاكَ فِي نَفْسِكَ وَتَرَدَّدَ فِي الصَّدْرِ، وَإِنْ أَفْتَاكَ النَّاسُ وَأَفْتَوْكَ».
[صحيح] - [الحديث الأول: رواه مسلم، والحديث الثاني: رواه أحمد والدارمي.] - [الأربعون النووية: 27]
المزيــد ...
နောင်ဝါစ်ဗင်န် စမ်အာန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) အား ကောင်းမှုကုသိုလ်နှင့် ပြစ်မှုအကုသိုလ်အကြောင်း မေးမြန်းရာ ကိုယ်တော်မြတ်က ဤသို့ မိန့်ကြားတော်မူသည်- " ကောင်းမှုကုသိုလ်သည်ကောင်းမွန်သော စိတ်နေသဘောထားဖြစ်၏။ ပြစ်မှုအကုသိုလ်မှာ သင့်စိတ်ထဲတွင် မသက်မသာ ခံစားရပြီး လူအများသိရှိမည်ကို မနှစ်သက်သောအရာ ဖြစ်၏။" ဝါဗိစွဟ် ဗင်န် မအ်ဘဒ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် )ထံသို့အခစားလာရောက်ခဲ့ရာ ကိုယ်တော်မြတ်က အသင် ကောင်းမှုကုသိုလ်နှင့် ပြစ်မှုအကုသိုလ်တို့နှင့်ပတ်သတ်၍ မေးမြန်းရန်လာခဲ့တာလားဟု မေးမြန်း တော်မူရာ၊ ကျွန်ုပ်က ဟုတ်ပါတယ် ဟု လျှောက်ထားခဲ့၏။ ထိုအခါ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် )က မိန့်ကြားတော်မူသည်မှာ - " အသင် မိမိ၏စိတ်နှလုံးသားမေးမြန်းကြည့်ပါ။ ကောင်းမှုကုသိုလ်ဟူသည် ယင်းကိုပြုလုပ်ခြင်းဖြင့် စိတ်နှလုံးငြိမ်းချမ်းပြီး စိတ်သက်သာရာရစေသောအရာဖြစ်သည်။ ပြစ်မှုအကုသိုလ်ဟူသည် စိတ်နှလုံးထဲတွင် မသက်မသာခံစားရပြီး၊ သံသယဝင်စေသောအရာဖြစ်သည်။ လူတို့က ၎င်း၏အ
ကြောင်းကောင်းသည်ဟု ဖသ်ဝါ(ဆုံးဖြတ်ချက်)ပေးနေကြစေကာမူ (ထိုသံသယဝင်မှုသည် မပပျောက်ပေ။)"
[صحيح] - [الحديث الأول: رواه مسلم، والحديث الثاني: رواه أحمد والدارمي] - [الأربعون النووية - 27]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မှ ကောင်းမှုကုသိုလ်(အလ်ဗိရ်) နှင့် ပြစ်မှုအကုသိုလ် (အလ်အစ်မ်) အကြောင်းနှင့်ပတ်သတ်၍ တင်ပြတော်မူခဲ့သည်မှာ- ကောင်းမှုကုသိုလ် (အလ်ဗိရ်) ၏ အကြီးမြတ်ဆုံးသော ပုံစံမှာ အလ္လာဟ်အရှင်မြတ်နှင့် ဆက်ဆံရာတွင် သက္ကဝါတရားနှင့်အတူ ကောင်းမွန်သော အကျင့်အမူသဘောထားရှိခြင်း၊ ဖန်ဆင်းခံများနှင့် ဆက်ဆံရာတွင် ဒုက္ခအန္တရာယ်ကို သည်းခံခြင်း၊ ဒေါသထွက်ခြင်း နည်းပါးခြင်း၊ မျက်နှာရွှင်လန်းခြင်း၊ စကားပြောချိုသာခြင်း၊ ဆွေမျိုးသားချင်းအဆက်အသွယ်ထားရှိခြင်း၊ နာခံလိုက်နာခြင်း၊ သိမ်မွေ့စွာဆက်ဆံခြင်း၊ စေတနာထားခြင်းနှင့် ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံခြင်းတို့ ဖြစ်သည်။ စင်စစ်အားဖြင့် ကောင်းမှုပြုခြင်းဟူသည် နှလုံးသားနှင့် စိတ်ဝိညာဉ်တို့ ငြိမ်းချမ်းမှုရရှိသောအရာ ဖြစ်သည်။ ပြစ်မှုအကုသိုလ် (အလ်အစ်မ်) ဆိုသည်မှာ စိတ်ဝိညာဉ်အတွင်း၌ သံသယဖြစ်ဖွယ်အရာများကြောင့် လှုပ်ရှားမှုဖြစ်ပေါ်ပြီး စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်ကာ ၎င်းသည် ပြစ်မှုတစ်ခုဖြစ်မည်ကို စိုးရိမ်ကြောင့်ကြမှုဖြစ်ပေါ်လာခြင်း၊ ထိုကိစ္စသည် ဂုဏ်သိက္ခာရှိသော လူကြီးလူကောင်း၊ ပြည့်စုံကုံလုံသောသူများ၏ ရှေ့မှောက်တွင် အကျည်းတန်သည်ဟု ယူဆကာ ထုတ်ဖော်ပြောဆိုရန် မနှစ်သက်ခြင်းတို့ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် စိတ်ဝိညာဉ်သည် သဘာဝအလျောက် မိမိ၏ကောင်းမှုများကို လူများသိရှိစေလိုသော စိတ်ဆန္ဒရှိသည်။ ထို့ကြောင့် အကယ်၍ မိမိ၏ အချို့သောလုပ်ရပ်များကို (လူများသိရှိစေရန်) မနှစ်သက်ပါက ယင်းသည် ကောင်းမှုမဟုတ်ဘဲ ပြစ်မှုဒုစရိုက်ပင်ဖြစ်သည်။ လူတို့က (ပြစ်မှုဒုစရိုက်မဟုတ်ဟု) ဖသ်ဝါ( ဆုံးဖြတ်ချက်)ပေးလျှင်လည်း သင့်စိတ်ထဲတွင် သံသယလက္ခဏာများ တစ်မျိုး တစ်ဖုံ ရှိနေသေးသရွေ့ ထိုသူတို့၏ ဖသ်ဝါကို လက်မခံပါနှင့်။ အဘယ့်ကြောင့်ဆိုသော် ဖသ်ဝါပေးသူသည် အသိပညာမဲ့စွာဖြင့် ဖသ်ဝါပေးနေခြင်းဖြစ်ပါက ယင်းဖသ်ဝါသည် မှန်ကန်သော သံသယကို ပျောက်ကွယ်သွားစေနိုင်မည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ဖသ်ဝါသည် ရှရီအသ်တရားတော်အပေါ် အခြေခံထားပါက ဖသ်ဝါမေးမြန်းသူအတွက် မိမိ၏ စိတ်ထဲ ဘဝင်မကျသည့်တိုင် ၎င်းဖသ်ဝါဘက်သို့ ပြန်လှည့်ရန်( လက်ခံကျင့်သုံးရန်) အရေးကြီးသည်။