عَنْ عُمَرَ بْنِ الخَطَّابِ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَوْ أَنَّكُمْ كُنْتُمْ تَوَكَّلُونَ عَلَى اللهِ حَقَّ تَوَكُّلِهِ لَرَزَقَكُمْ كَمَا يَرْزَقُ الطَّيْرَ تَغْدُو خِمَاصًا وَتَرُوحُ بِطَانًا».
[صحيح] - [رواه الإمام أحمد، والترمذي، والنسائي، وابن ماجه، وابن حبان في صحيحه، والحاكم] - [الأربعون النووية: 49]
المزيــد ...
အုမရ် ဗင်န် ခသ်သွားဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အားကိုးထိုက်သည့်အတိုင်း ယုံပုံအားကိုးမည်ဆိုလျှင် နံနက်ခင်းတွင် ဝမ်းဗိုက် ဟောင်းလောင်းဖြင့် ထွက်သွားကြပြီး ညနေတွင် ဝမ်းဗိုက်ပြည့်လျှက် ပြန်လာကြသည့် ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာချီးမြှင့်သကဲ့သို့ သင်တို့အား ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။
[صحيح] - [رواه الإمام أحمد والترمذي والنسائي وابن ماجه وابن حبان في صحيحه والحاكم] - [الأربعون النووية - 49]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်တို့အား လောကီရေးနှင့် သာသနာရေးကိစ္စများ၌ အကျိုးရှိသောအရာများကို ရယူခြင်းနှင့် ဆိုးကျိုးဖြစ်စေသောအရာများကို ဖယ်ရှားခြင်းတို့တွင် အလ္လာဟ်အရှင်မြတ်အပေါ် အားကိုးအားထားပြုရန် တိုက်တွန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်မြတ်မှအပ အခြားမည်သူမျှ ပေးကမ်းချီးမြှင့်ခြင်း၊ တားဆီးပိတ်ပင်ခြင်း၊ ဆိုးကျိုးဖြစ်စေခြင်း၊ ကောင်းကျိုးပေးခြင်းတို့ကို မပြုလုပ်နိုင်ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ် မှန်ကန်စွာယုံကြည်အားကိုး၍ အကျိုးရှိသော အရာများကို ဆောင်ကြဥ်းပေးကာ ဆိုးကျိုးဖြစ်စေသော အရာများကို ဖယ်ရှားပေးမည့် အကြောင်းခံများကိုပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။ ကျွန်ုပ်တို့သည် ထိုအတိုင်းလိုက်နာဆောင်ရွက်နေသရွေ့ နံနက်ခင်းတွင် ဆာလောင်လျက် ထွက်သွားကြကာ ညနေတွင် ဝမ်းဗိုက်အပြည့်ဖြင့် ပြန်လာကြသော ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာ ချီးမြှင့်သကဲ့သို့ ကျွန်ုပ်တို့ကိုလည်း ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။ ငှက်တို့၏လုပ်ရပ်သည် အကြောင်းခံကိုစွန့်လွှတ်ခြင်း၊ ပျင်းရိခြင်းမရှိဘဲ ရိုဇီရိက္ခာကိုကျိုးစားရှာဖွေသည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။