အမျိုးအစား:

عَنْ عَبْدِ اللَّهِ بْنِ بُسْرٍ رَضِيَ اللَّهِ عَنْهُ قَالَ: أَتَى النَّبِيَّ رَجُلٌ، فَقَالَ: يَا رَسُولَ اللَّهِ! إِنَّ شَرَائِعَ الإِسْلَامِ قَدْ كَثُرَتْ عَلَيْنَا، فَبَابٌ نَتَمَسَّكُ بِهِ جَامِعٌ؟ قَالَ:
«لاَ يَزَالُ لِسَانُكَ رَطْبًا مِنْ ذِكْرِ اللَّهِ». وفي رواية: مِنْ حَدِيثِ مُعَاذِ بْنِ جَبَلٍ رَضِيَ اللَّهُ عَنْهُ: آخِرُ مَا فَارَقْتُ عَلَيْهِ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ أَنْ قُلْتُ: أَيُّ الأَعْمَالِ خَيْرٌ وَأَقْرَبُ إِلَى اللَّهِ؟ قَالَ: «أَنْ تَمُوتَ وَلِسَانُكَ رَطْبٌ مِنْ ذِكْرِ اللَّهِ عَزَّ وَجَلَّ».

[صحيح] - [رواه أحمد والترمذي وابن ماجه وابن حبان] - [الأربعون النووية: 50]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ် ဗင်န် ဗုစ်ရ် (ရဿွိယလ္လာဟု အန်ဟု) ကဆင့်ပြန်ပြောကြားခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) ထံသို့ လာရောက်၍ လျှောက်ထားသည်မှာ - “အို- အလ္လာဟ်၏ရစူလ်တမန်တော်၊ အစ္စလာမ်၏ပညတ်ချက်များသည် ကျွန်ုပ်တို့၏အပေါ်တွင် များပြားလွန်း၍ (ဝန်ပိလေးလံနေပါသည်။ ) ထို့ကြောင့် ကျွန်ုပ်တို့ ခိုင်ခိုင်မာမာကိုင်တွယ်ထားနိုင်သော ပြည့်ဝစုံလင်သောတစ်ခုတည်းသောအရာကို ညွှန်ပြတော်မူပါ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ -
" သင်၏ နုတ်လျှာသည် အလ္လာဟ်အရှင်မြတ်ကို ဇိကိရ်သတိရတသမူဖြင့် အမြဲတစေ စိုစွတ်နေခြင်းဖြစ်သည်”။ ဆင့်ပြန်ချက်တစ်ခုတွင်လာရှိသည်။ မုအာဇ် ဗင်န် ဂျဗလ်က ကျွန်ုပ်သည် တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) အား " မည်သည့် အမလ်သည် အမြတ်ဆုံးဖြစ်၍ အလ္လာဟ်အရှင်မြတ်ထံသို့ အနီးစပ်ဆုံး ဖြစ်ပါသနည်း" ဟု နောက်ဆုံးအကြိမ် ခွဲခွာခါနီးတွင် မေးမြန်းခဲ့သည်။ ထိုအခါတမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )က "အသင် ကွယ်လွန်သေဆုံးသည့်အချိန်တွင် အသင်၏ နုတ်လျှာသည် အလ္လာဟ်အရှင်မြတ်အား ဇိကိရ်အောက်မေ့သတိရတသလျှက် စိုပြေလျက်ရှိခြင်းပင်တည်း" ဟု မိန့်ကြားတော်မူခဲ့သည်။

[صحيح] - [رواه أحمد والترمذي وابن ماجه وابن حبان] - [الأربعون النووية - 50]

ရှင်းလင်းချက်

____

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (54)
အမျိုးအစားများ
ထပ်၍