خَرَجْنَا فِي لَيْلَةٍ مَطِيرَةٍ وَظُلْمَةٍ شَدِيدَةٍ، نَطْلُبُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ؛ يُصَلِّي لَنَا، قَالَ: فَأَدْرَكْتُهُ، فَقَالَ: «قُلْ»، فَلَمْ أَقُلْ شَيْئًا، ثُمَّ قَالَ: «قُلْ»، فَلَمْ أَقُلْ شَيْئًا، قَالَ: «قُلْ»، فَقُلْتُ: مَا أَقُولُ؟ قَالَ: «{قُلْ هُوَ اللهُ أَحَدٌ} وَالْمُعَوِّذَتَيْنِ حِينَ تُمْسِي وَتُصْبِحُ ثَلَاثَ مَرَّاتٍ، تَكْفِيكَ مِنْ كُلِّ شَيْءٍ». المزيد
အဗ်ဒုလ္လာဟ် ဗင်န် ခုဗိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်ုပ်တို့သည် မိုးသည်းထန်စွာရွာပြီး အလွန်မှောင်မိုက်သော ညတစ်ညတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကျွန်ုပ်တို့ကို (ဦးဆောင်၍) ဆွလာသ်ဝတ်ပြုပေးရန်အတွက် ရှာဖွေရန် ထွက်လာခဲ့ကြသည်။ ထို့နောက် ကျွန်ုပ်တို့သည် ကိုယ်တော့်အား တွေ့ရှိခဲ့သည်။ ကိုယ်တော်က " အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူခဲ့သည်။ သို့သော် ကျွန်ုပ်သည် မည်သည့်အရာကိုမျှ ရွတ်ဖတ်ခြင်း မပြုခဲ့ပါ။ တစ်ဖန် ကိုယ်တော်က " အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူပြန်သည်။ သို့သော်လည်း ကျွန်ုပ်သည် မည်သည့်အရာကိုမျှ ရွတ်ဖတ်ခြင်း မပြုခဲ့ပါ။ တစ်ဖန် ကိုယ်တော်က "အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူပြန်ရာ ကျွန်တော်မျိုး "အဘယ်အရာကို ရွတ်ဖတ်ရမည်နည်း" ဟု မေးမြန်းလျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က "ကုလ်ဟုဝလ္လာဟုအဟဒ် (စူရဟ် အိခ်လာစ်) နှင့် အလ်မုအောဝ်ဝိဇသိုင်န် (စူရဟ်ဖလက်နှင့် စူရဟ်နားစ်) တို့ကို နံနက်နှင့် ညနေအချိန်တွင် သုံးကြိမ်စီ ရွတ်ဖတ်လော့။ ဤစူရဟ်များသည် သင့်အဖို့ အရာရာတိုင်းမှ လုံလောက်ပေသည်" ဟု မိန့်တော်မူခဲ့သည်။