အမျိုးအစား:
عَنْ عَبْدِ اللَّهِ بنِ عُمرَ رَضِيَ اللَّهُ عَنْهُما أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:

«كُلُّكُمْ رَاعٍ فَمَسْئُولٌ عَنْ رَعِيَّتِهِ، فَالأَمِيرُ الَّذِي عَلَى النَّاسِ رَاعٍ وَهُوَ مَسْئُولٌ عَنْهُمْ، وَالرَّجُلُ رَاعٍ عَلَى أَهْلِ بَيْتِهِ وَهُوَ مَسْئُولٌ عَنْهُمْ، وَالمَرْأَةُ رَاعِيَةٌ عَلَى بَيْتِ بَعْلِهَا وَوَلَدِهِ وَهِيَ مَسْئُولَةٌ عَنْهُمْ، وَالعَبْدُ رَاعٍ عَلَى مَالِ سَيِّدِهِ وَهُوَ مَسْئُولٌ عَنْهُ، أَلاَ فَكُلُّكُمْ رَاعٍ وَكُلُّكُمْ مَسْئُولٌ عَنْ رَعِيَّتِهِ».
[صحيح] - [متفق عليه] - [صحيح البخاري: 2554]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြပြီး၊ မိမိ၏ လက်အောက် ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံကြရမည် ဖြစ်သည်။ လူတို့အား အုပ်ချုပ်သည့် ခေါင်းဆောင်သည် အုပ်ထိန်းသူဖြစ်ပြီး မိမိ၏ လက်အောက်ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံရမည်။ အမျိုးသားသည် မိမိ၏ မိသားစုအပေါ်အုပ်ထိန်းသူဖြစ်ပြီး၊ ၎င်းတို့နှင့်ပတ်သတ်၍ မေးမြန်းခြင်းခံရမည်။ ဇနီးသည် မိမိခင်ပွန်း၏ အိမ်နှင့် သားသမီးများ၏ အုပ်ထိန်းသူဖြစ်ပြီး၊ ၎င်းတို့နှင့် ပတ်သတ်၍ မေးမြန်းခြင်းခံရမည်။ ကျွန်သည် မိမိသခင်၏ ဥစ္စာပစ္စည်းကို အုပ်ထိန်းသူဖြစ်ပြီး၊ ယင်းဥစ္စာပစ္စည်းနှင့် ပတ်သတ်၍ မေးမြန်းခြင်းခံရမည်။ သတိပြုကြ‌လေကုန်၊ သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြသည်။ မိမိ၏လက်အောက် ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံကြရမည် ဖြစ်သည်။

[صحيح] - [متفق عليه] - [صحيح البخاري - 2554]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူ့အဖွဲ့အစည်းတွင် ရှိသော မွတ်စ်လင်မ်တိုင်းတွင် ထမ်းဆောင်ရမည့် တာဝန်များရှိကြောင်း မိန့်ကြားတော်မူခဲ့သည်။ အုပ်ချုပ်သူခေါင်းဆောင်သည် အလ္လာဟ်အရှင်မြတ်က မိမိအား အုပ်ချုပ်ခွင့်ပေးအပ်ထားသော လက်အောက်ခံများ၏ အုပ်ထိန်းသူဖြစ်သည်။ သို့ဖြစ်၍ ၎င်းအပေါ်၌ သူတို့၏ သာသနာ‌ရေးကိစ္စများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ သူတို့အား မတရားလုပ်သူတို့မှ ကာကွယ်ပေးရန်၊ သူတို့၏ ရန်သူများကို တိုက်ခိုက်ရန်နှင့် သူတို့၏အခွင့်အရေးများ ဆုံးရှုံးခြင်းမရှိစေရန် တာဝန်ရှိသည်။ အိမ်ထောင်ဦးစီး အမျိုးသားသည် မိမိအိမ်သူအိမ်သားများအား စားဝတ်နေရေးထောက်ပံ့ရန်၊ ကောင်းမွန်စွာဆက်ဆံရန်၊ ပညာသင်ကြားပေးရန်နှင့် စာရိတ္တပျိုးထောင်ပေးရန် တာဝန်ရှိသူဖြစ်သည်။ ဇနီးသည် မိမိခင်ပွန်း၏ အိမ်ကို ကောင်းမွန်စွာ ထိန်းသိမ်းရန်နှင့် သားသမီးများကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ရန် တာဝန်ရှိသူဖြစ်သည်။ သူမသည် ထိုတာဝန်များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်း ခံရမည်ဖြစ်သည်။ အစေခံနှင့် အလုပ်သမားသည် မိမိထံတွင်ရှိသော သခင်၏ ဥစ္စာပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် သခင့်အား အမှုတော်ထမ်းရန် တာဝန်ရှိသည်။ ၎င်းသည် ထိုတာဝန်များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းကို ခံရမည်ဖြစ်သည်။ သို့ဖြစ်ရာ လူတိုင်းသည်မိမိအား အပ်နှင်းထားသော တာဝန်ဝတ္တရားများအတွက် အုပ်ထိန်းသူဖြစ်ပြီး လူတိုင်းသည် မိမိ၏လက်အောက်ခံများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းကို ခံရမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စ်လင်မ် လူ့အဖွဲ့အစည်းတွင် တာဝန်ခံမှုသည် အားလုံးနှင့် သက်ဆိုင်သည်။ ထို့ကြောင့် လူတိုင်းသည် မိမိ၏တာဝန်နှင့်၊ စွမ်းဆောင်နိုင်မှုပေါ် မူတည်၍ တာဝန်ရှိသည်။
  2. အမျိုးသမီး၏ တာဝန်သည် ကြီးမားသည်။ အမျိုးသမီးသည် မိမိခင်ပွန်း၏ အိမ်၏ အခွင့်အရေးနှင့် သူမပေါ်တွင် ရှိသော သားသမီးများနှင့် သက်ဆိုင်ငည့် တာဝန်ကို ထမ်းဆောင်ရန် တာဝန်ရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
အမျိုးအစားများ
ထပ်၍