+ -

عن ابن عمر رضي الله عنهما أن رسول الله صلى الله عليه وسلم قال: «إذا أَكَلَ أحدُكم فَلْيَأْكُلْ بِيَمِينِه، وإذا شَرِب فَلْيَشْرَبْ بِيَمِينِه فإنَّ الشيطان يأكلُ بِشِمَالِه، ويَشْرَب بِشِمَالِه».
[صحيح] - [رواه مسلم]
المزيــد ...

အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့အနက် မည်သူမဆို စားသည့်အခါ ညာလက်ဖြင့်စားပါ၊ သောက်သည့်အခါ ညာလက်ဖြင့် သောက်ပါ။ အဘယ်ကြောင့်ဆိုသော် ဧကန်အမှန်ပင် ရှိုင်သွာန်မိစ္ဆာသည် ဘယ်လက်ဖြင့်စား၍ ဘယ်လက်ဖြင့်သောက်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။]

ရှင်းလင်းချက်

ဤဩဝါဒတော်တွင် ညာလက်ဖြင့် စားသောက်ရန် အမိန့်ပေးထားပြီး ဘယ်လက်ဖြင့် စားသောက်ခြင်းကို တားမြစ်ထားသည်။ ထိုသို့ အမိန့်ပေးရခြင်းမှာ ရှိုင်သွာန်မိစ္ဆာသည် ဘယ်လက်ဖြင့် စားသောက်သောကြောင့်ဖြစ်သည်။ ဟူ၍ ဩဝါဒတော်၌ ရှင်းပြထားသည်။ ဟဒီးဆ်တော်တွင် ပါရှိသည့် အမိန့်သည် ‘ဝါဂျိဗ်’တာဝန်ဖြစ်ပြီး ဘယ်လက်ဖြင့် စားသောက်ခြင်းသည် ဟရာမ်ဖြစ်ကြောင်း ထိုအချက်က ညွှန်ပြနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့တားမြစ်ရခြင်း၏ အကြောင်းအရင်းမှာ ထိုလုပ်ရပ်သည် ရှိုင်သွာန်မိစ္ဆာ၏လုပ်ရပ်နှင့် ၎င်း၏အကျင့် စရိုက်ဖြစ်သောကြောင့် ဖြစ်သည်။ မွတ်စ်လင်မ်တို့သည် အမိန့်ဖီဆန်သူများ၏ လမ်းစဥ်ကို ရှောင်ကြဥ်ရန် အမိန့်ပေးခံထားရသည်။အထူးထား၍ ရှိုင်သွာန်မိစ္ဆာကောင်မှ ပို၍ ရှောင်ကြဉ်ရမည်ဖြစ်သည်။ မည်သူမဆို အုပ်စုတစ်စုနှင့် တူဆင်အောင်ပြုပါက ၎င်းသည် ထိုအုပ်စုအနက်မှပင်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية التشيكية মালাগাসি အီတလီ অরমো কন্নড় আজারী الأوكرانية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ညာလက်ဖြင့် စားသောက်ခြင်း ‘ဝါဂျိဗ်’ တာဝန်ဖြစ်သည်။ ဟဒီးဆ်တော်တွင် ပါရှိသည့်အမိန့်သည် ‘ဝါဂျိဗ်’ အမိန့်ပင်ဖြစ်သည်။
  2. ဘယ်လက်ဖြင့် စားသောက်ခြင်းကို တားမြစ်ထားသည်။
  3. ရှိုင်သွာန်မိစ္ဆာကောင်၏ လုပ်ရပ်များနှင့် ဆင်တူသည့် လုပ်ရပ်များမှ ရှောင်ကြဉ်ရန် လိုအပ်ကြောင်း ဟဒီးဆ်တော်၌ ညွှန်ပြထားသည်။
  4. ဧကန်အမှန်ပင် ရှိုင်သွာန်မိစ္ဆာကောင်၌ လက်နှစ်ဖက်ရှိပြီး ၎င်းသည် စားသောက်မှု ပြုသည်။
  5. ညာဘက်လက်ကို ဂုဏ်ပေးထားသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့သည် ညာဘက်ဖြင့် စားသောက်ရန် အမိန့်ပေးခံရသည်။ စားသောက်ခြင်းသည် ခန္ဓာကိုယ် အာဟာရအတွက်ဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ မွန်မြတ်သော လုပ်ရပ်များကို ညာလက်ဖြင့်သာဆောင်ရွက်ရမည်။
  6. ကာဖိရ်များကို အတုခိုးခြင်းမှ တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့သည် ရှိုင်သွာန်မိစ္ဆာကောင်အား အတုခိုးခြင်းမှ တားမြစ်ခြင်းခံရသည်။ ရှိုင်သွာန်မိစ္ဆာကောင်သည် ကာဖိရ်အားလုံး၏ ခေါင်းဆောင်ပင်ဖြစ်သည်။
  7. အွမ္မသ်နောက်လိုက်တို့အပေါ် ဖုံးကွယ်နေသည့် ဤကိစ္စအား တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ညွှန်ကြားပြသခဲ့ပြီး ၎င်းတို့အား ဆုံးမတော်မူသည်။
ထပ်၍