«مَنْ دَعَا إِلَى هُدًى كَانَ لَهُ مِنَ الْأَجْرِ مِثْلُ أُجُورِ مَنْ تَبِعَهُ، لَا يَنْقُصُ ذَلِكَ مِنْ أُجُورِهِمْ شَيْئًا، وَمَنْ دَعَا إِلَى ضَلَالَةٍ كَانَ عَلَيْهِ مِنَ الْإِثْمِ مِثْلُ آثَامِ مَنْ تَبِعَهُ، لَا يَنْقُصُ ذَلِكَ مِنْ آثَامِهِمْ شَيْئًا». المزيد
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
လမ်းမှန်တရားဘက်သို့ ဖိတ်ခေါ်သူသည် ထိုလမ်းမှန်တရားကို လိုက်နာကျင့်သုံးသူရရှိသည့် အကျိုးကုသိုလ်အတိုင်း အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင်း လိုက်နာကျင့်သုံးသူများ၏ အကျိုးကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။ ထို့အတူ လမ်းမှားသို့ ဖိတ်ခေါ်သူသည် ထိုလမ်းမှားကို လိုက်နာကျင့်သုံးသူရရှိသည့် အပြစ်အကုသိုလ်အတိုင်း အပြစ်အကုသိုလ် ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင့် လိုက်နာကျင့်သုံးသူများ၏ အပြစ်အကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။