«مَثَلُ القَائِمِ عَلَى حُدُودِ اللَّهِ وَالوَاقِعِ فِيهَا، كَمَثَلِ قَوْمٍ اسْتَهَمُوا عَلَى سَفِينَةٍ، فَأَصَابَ بَعْضُهُمْ أَعْلاَهَا وَبَعْضُهُمْ أَسْفَلَهَا، فَكَانَ الَّذِينَ فِي أَسْفَلِهَا إِذَا اسْتَقَوْا مِنَ المَاءِ مَرُّوا عَلَى مَنْ فَوْقَهُمْ، فَقَالُوا: لَوْ أَنَّا خَرَقْنَا فِي نَصِيبِنَا خَرْقًا وَلَمْ نُؤْذِ مَنْ فَوْقَنَا، فَإِنْ يَتْرُكُوهُمْ وَمَا أَرَادُوا هَلَكُوا جَمِيعًا، وَإِنْ أَخَذُوا عَلَى أَيْدِيهِمْ نَجَوْا، وَنَجَوْا جَمِيعًا». المزيد
နုအ်မာန်ဗင်န်ဗရှီးရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်၏တရားတော်ကို ဆုပ်ကိုင်ပြီး အရှင်မြတ်၏သာသနာအပေါ် မြဲမြဲနေသူနှင့် အရှင်မြတ်၏တရားတော်ကို ဆန့်ကျင်ပြီး ပြစ်မှုဒုစရိုက်ထဲ ကျရောက်သွားသူ၏ ပမာသည် သင်္ဘောတစ်စင်းတွင် (စီးနင်းရမည့်နေရာကို) မဲနှိုက်ဆုံးဖြတ်ခဲ့ကြသောလူတစ်စုနှင့် ပမာတူသည်။ အချို့သည် သင်္ဘောအပေါ်ထပ်တွင် နေရာရခဲ့ကြပြီး အချို့သည် သင်္ဘောအောက်ထပ်တွင် နေရာရခဲ့ကြသည်။ သင်္ဘောအောက်ထပ်တွင်ရှိနေသူများသည် ရေသောက်ချင်သောအခါ အပေါ်ထပ်၌ရှိနေသူများ၏ အနားမှ ဖြတ်သန်းသွားကြရသည်။ ထိုအခါ အောက်ထပ်တွင်ရှိနေသူများက အကယ်၍သာ ကျွန်ုပ်တို့သည် မိမိတို့ရသည့် ဝေစုထဲ၌ အပေါက်တစ်ပေါက်ဖောက်လိုက်လျှင် အပေါ်ထပ်တွင်ရှိနေသူတို့အား ဒုက္ခပေးရာရောက်မည်မဟုတ်ဟု ပြောဆိုကြသည်။ အကယ်၍ အပေါ်ထပ်၌ရှိနေသူများသည် အောက်ထပ်ရှိသူတို့အား သူတို့ကြံရွယ်ထားသည့်အတိုင်း လွှတ်ပေးထားပါက ၎င်းတို့အားလုံးသေကြေပျက်စီးသွားကြမည်ဖြစ်သည်။ အကယ်၍ အပေါ်ထပ်တွင်ရှိနေသူတို့သည် အောက်ထပ်တွင်ရှိနေသူများအား တားဆီးလိုက်ပါက (တားဆီးခဲ့သော) သူများလွတ်မြောက်သွားကြမည်ဖြစ်ပြီး (စီးနင်းသူများ) အားလုံးလည်း လွတ်မြောက်သွားကြမည်ဖြစ်သည်။