كَانَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا اغْتَسَلَ مِنَ الجَنَابَةِ، غَسَلَ يَدَيْهِ، وَتَوَضَّأَ وُضُوءَهُ لِلصَّلاَةِ، ثُمَّ اغْتَسَلَ، ثُمَّ يُخَلِّلُ بِيَدِهِ شَعَرَهُ، حَتَّى إِذَا ظَنَّ أَنَّهُ قَدْ أَرْوَى بَشَرَتَهُ، أَفَاضَ عَلَيْهِ المَاءَ ثَلاَثَ مَرَّاتٍ، ثُمَّ غَسَلَ سَائِرَ جَسَدِهِ، وَقَالَتْ: كُنْتُ أَغْتَسِلُ أَنَا وَرَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مِنْ إِنَاءٍ وَاحِدٍ، نَغْرِفُ مِنْهُ جَمِيعًا. المزيد
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျနာဗသ် ကိုယ်မသန့်ဖြစ်ခြင်းမှ သန့်ရှင်းရန် ရေချိုးသောအခါ ကိုယ်တော်မြတ်သည် မိမိ၏လက်နှစ်ဖက်ကို ဆေးကြောကာ ဆွလာသ်ဝတ်ပြုရန် ဝုဿွူပြုသကဲ့သို့ ဝုဿွူပြုတော်မူသည်။ ပြီးနောက် ရေချိုးတော်မူသည်။ ၎င်းနောက် ဆံပင်များကို မိမိလက်ဖြင့် ဦးရေပြားစိုပြီဟု ထင်ရသည်အထိ ပွတ်သပ်သည်။ ၎င်းနောက် ရေသုံးကြိမ်လောင်းသည်။ ထို့နောက် ခန္ဓာတစ်ခုလုံးကို ရေချိုးလိုက်သည်။ အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောသည်မှာ ကျွန်မနှင့် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)တို့သည် အိုးတစ်လုံးတည်းမှ ရေအတူခပ်ချိုးလေ့ရှိခဲ့ကြသည်။