عَنْ بُرَيْدَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَنْ حَلَفَ بِالْأَمَانَةِ فَلَيْسَ مِنَّا».

[صحيح] - [رواه أبو داود وأحمد] - [سنن أبي داود: 3253]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဗုရိုင်းဒဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"မည်သူမဆို 'အမာနတ်' (ယုံကြည်စိတ်ချရမှု) ဖြင့် ကျိန်ဆိုပါက ထိုသူသည် ငါကိုယ်တော်တို့အနက်မှ မဟုတ်ပေ။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود وأحمد] - [سنن أبي داود - 3253]

ရှင်းလင်းချက်

နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် 'အမာနတ်' (ယုံကြည်စိတ်ချရမှု) ဖြင့် ကျိန်ဆိုခြင်းကို တားမြစ်ခဲ့ပြီး သတိပေးတော်မူခဲ့သည်။ ထိုသို့ပြုလုပ်သူသည် ငါကိုယ် တော်တို့အနက်မှ မဟုတ်ဟု မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားတစ်စုံ
  2. တစ်ရာဖြင့် ကျိန်ဆိုခြင်းသည် ဟရာမ်တားမြစ်ထားပြီး၊ 'အမာနတ်' ဖြင့်ကျိန်ဆိုခြင်းလည်း ထိုအမိန့်အတွင်းပါဝင်ကာ ယင်းသည် သေးငယ်သော ရှိရ်က် (တွဲဖက်ကိုးကွယ်မှု) အမျိုးအစားထဲမှ ဖြစ်သည်။
  3. 'အမာနတ်' ဟူသော စကားလုံးတွင် နာခံမှု၊ ကိုးကွယ်မှု၊ အပ်နှံပစ္စည်း၊ ငွေကြေးနှင့် ယုံကြည်စိတ်ချရမှု
  4. တို့ ပါဝင်သည်။
  5. ကျိန်ဆိုခြင်းသည် အလ္လာဟ်အရှင်မြတ်ဖြင့်လည်းကောင်း၊ အရှင်မြတ်၏ နာမတော်များအနက်မှ နာမတော်တစ်ခုခုဖြင့် လည်းကောင်း၊ အရှင်မြတ်၏ ဂုဏ်တော်များအနက်မှ ဂုဏ်တော်တစ်ခုခုဖြင့်လည်း‌ကောင်း ကျိန်ဆိုမှသာ အတည်ဖြစ်ပေမည်။
  6. အိမာမ်ခသ်သွာဗီက ဆိုသည်မှာ - "ဤတားမြစ်ချက်သည် ကျိန်ဆိုရာတွင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ဂုဏ်တော်များဖြင့်သာ ကျိန်ဆိုရန် ညွှန်ကြားထားသောကြောင့် မနှစ်မြို့ဖွယ်ဖြစ်ရခြင်း ဖြစ်သည်။ 'အမာနတ်' သည် အရှင်မြတ်၏ ဂုဏ်တော်များအနက်မှ မဟုတ်ဘဲ အရှင်မြတ်၏ အမိန့်တော်နှင့် ပညတ်တော်များအနက်မှ တစ်ခုသာ ဖြစ်သည်။ သို့ဖြစ်၍ ယင်းကို အလ္လာဟ်အရှင်မြတ်၏ နာမတော်များ၊ ဂုဏ်တော်များနှင့် တန်းတူထားရှိမှုများ ပါဝင်နေသောကြောင့် ထိုသို့ ကျိန်ဆိုခြင်းမှ တားမြစ်ထားခြင်း ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (46)
ထပ်၍