+ -

عن ابن عباس قال: كان النبي صلى الله عليه وسلم لا يعرف فصل السورة حتى تنزل عليه {بسم الله الرحمن الرحيم}.
[صحيح] - [رواه أبو داود]
المزيــد ...

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအပေါ် (بِسْمِ ٱللّٰهِ ٱلرَّحْمٰنِ ٱلرَّحِيْمِ) မကျရောက်သေးသရွေ့ စူရဟ်တစ်ပုဒ်နှင့် တစ်ပုဒ်ကြား ပိုင်းခြားထားသည့် နေရာကိုမသိရှိခဲ့ပေ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [အဗူဒါဝူဒ်ကျမ်း။] - [سنن أبي داود - 788]

ရှင်းလင်းချက်

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ရှင်းပြခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်၏ စူရဟ်များသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ကျ‌ရောက်ခဲ့ပြီး (بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ)မကျရောက်သေးသရွေ့ ကိုယ်တော်မြတ်သည် စူရဟ်တစ်ပုဒ်နှင့် တစ်ပုဒ်ကြားပိုင်းခြားထားသည့် နေရာနှင့် စူရဟ်တစ်ပုဒ်ပြီးဆုံးသွားသည့်နေရာကို မသိရှိခဲ့ပေ။ (بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ) ကျရောက်လာမှသာ ယခင်စူရဟ်ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် ၎င်းသည် စူရဟ်အသစ်၏ အစဖြစ်ကြောင်း သိရှိ‌တော်မူသည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية التشيكية মালাগাসি အီတလီ অরমো কন্নড় আজারী الأوزبكية الأوكرانية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စူရဟ်အန်ဖာလ်နှင့် စူရဟ်သောင်ဗဟ်ကြားမှလွဲ၍ ကျန်စူရဟ်များကြားတွင် ဗိစ်မိလ္လာဟ်ဖြင့် ပိုင်းခြားထားသည်။
ထပ်၍