အမျိုးအစား:
عَنِ ابْنِ عَبَّاسٍ رضي الله عنهما:

أَنَّ رَجُلًا أَتَى النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَكَلَّمَهُ فِي بَعْضِ الْأَمْرِ، فَقَالَ: مَا شَاءَ اللهُ وَشِئْتَ، فَقَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أَجَعَلْتَنِي لِلَّهِ عَدْلًا؟ قُلْ: مَا شَاءَ اللهُ وَحْدَهُ».
[إسناده حسن] - [رواه ابن ماجه والنسائي في الكبرى وأحمد] - [السنن الكبرى للنسائي: 10759]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့သည်။ ထို့နောက် ထိုသူက (مَا شَاءَ اللهُ وَشِئْتَ) “အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အတိုင်းနှင့် အသင် (တမန်တော်) အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)” ဟု ပြောဆိုလိုက်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က “သင်သည် ငါကိုယ်‌တော်အား အလ္လာဟ်အရှင်မြတ်နှင့် တန်းတူအဖြစ် ပြုလုပ်လိုက်လေသလော။ ‘အလ္လာဟ်အရှင်မြတ်တစ်ဆူတည်း အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)’ ဟု ပြောဆိုလော့” ဟု မိန့်ကြားတော်မူခဲ့သည်။

[إسناده حسن] - [رواه ابن ماجه والنسائي في الكبرى وأحمد] - [السنن الكبرى للنسائي - 10759]

ရှင်းလင်းချက်

လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး ကိုယ်တော့်အား အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့သည်။ ထို့နောက် ထိုသူက (مَا شَاءَ اللهُ وَشِئْتَ) “အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အတိုင်းနှင့် အသင် (တမန်တော်) အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)” ဟု ပြောဆိုလိုက်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ၏ ဤစကားကို ကန့်ကွက်တော်မူပြီး၊ အလ္လာဟ်အရှင်မြတ်၏ အလိုတော်ကို လူသား၏ အလိုတော်နှင့် တွဲဖက်ပေးသော " နှင့် "ဟူသော စကာလုံးသုံးခြင်းသည် ရှိရ်က်အတ်စ်ဂရ် (အသေးစား ယှဉ်တွဲကိုးကွယ်မှု)ဖြစ်ပြီး မွတ်စ်လင်မ်တစ်ဦးအနေဖြင့် ဤကဲ့သို့သော စကားမျိုး ပြောဆိုခွင့်မရှိကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် မှန်ကန်သည့်ပြောဆိုမှု ပုံစံကို လမ်းညွှန်ပြသတော်မူခဲ့သည် ယင်းမှာ "مَا شَاءَ اَللّٰه وَحْدَهُ" (အလ္လာဟ်အရှင်မြတ်တစ်ဆူတည်း အလိုရှိတော်မူသည့်အတိုင်းသာဖြစ်ခဲ့သည်) ဟူ၍ ဖြစ်သည်။ ဤသို့ဖြင့် သူသည် အလ္လာဟ်အရှင်မြတ်ကို အရှင်မြတ်၏အလိုတော် (မရှီအဟ်) တွင် တစ်ဆူတည်းသာထား၍ မည်သည့် ဆက်စပ်ခြင်း အမျိုးအစားဖြင့်မျှ မည်သူတစ်ဦးတစ်ယောက်၏ အလိုတော်ကိုမှ ဆက်စပ်ခြင်း မပြုရပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. “အလ္လာဟ်အရှင်မြတ် အလိုရှိတော်နှင့် အသင့်အလိုအတိုင်းဖြစ်ခဲ့သည်။” ဟူသော စကားနှင့် အလားတူ " နှင့် "ဖြင့် လူသား၏အလိုဆန္ဒကို အလ္လာဟ်အရှင်မြတ်၏ အလိုတော် ဆက်စပ်ပေးသော စကားမျိုးကို တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ဤသည် ရှိရ်က်အတ်စ်ဂရ် (အသေးစား ယှဉ်တွဲကိုးကွယ်မှု) ဖြစ်သည်။
  2. မကောင်းမှုကို တားမြစ်ရန် အရေးကြီးသည်။
  3. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သောင်ဟီးဒ်တရား၏ နယ်ပယ်ကို ထိန်းသိမ်းကာကွယ်ခဲ့ပြီး ရှိရ်က် ဘက်သို့ ရောက်ရှိစေသော လမ်း ကြောင်းများကို ပိတ်ဆို့ခဲ့သည်။
  4. မကောင်းမှုကို တားမြစ်ရာတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ လမ်းစဥ်ကို အတုယူလိုက်နာ၍ တားမြစ်ခံရသူအား ခွင့်ပြုထားသော အခြားရွေးချယ်စရာတစ်ခုသို့ လမ်းညွှန်ပေးခြင်းသည် ကောင်းမွန်သော အကျင့်တစ်ခုဖြစ်သည်။
  5. ဤဟဒီးဆ်တော်ရှိ (အလ္လာဟ်အရှင်မြတ် တစ်ပါးတည်း အလိုရှိတော်မူသည့်အတိုင်း) နှင့် အခြားဟဒီးဆ်တော်တွင် လာရှိသည့် (အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အတိုင်း၊ ထို့နောက် အသင်အလိုရှိသည့်အတိုင်းဟု ပြောပါ) ဟူသော တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မိန့်ကြားချက်များကြား ပေါင်းစပ်ညှိနှိုင်းချက်မှာ လူတစ်ဦးအနေဖြင့် (အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အတိုင်း၊ ထို့နောက် အသင်အလိုရှိသည့်အတိုင်း) ဟု ပြောဆိုခြင်းကို ခွင့်ပြုထားသော်လည်း (အလ္လာဟ်အရှင်မြတ် တစ်ပါးတည်း အလိုရှိတော်မူသည့်အတိုင်း)ဟု ပြောဆိုခြင်းသည် ပို၍ ကောင်းမြတ်သည်။
  6. (အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အတိုင်း၊ ထို့နောက် အသင်အလိုရှိသည့်အတိုင်း)ဟု ပြောဆိုခွင့်ရှိသည်။ သို့ရာတွင် (အလ္လာဟ်အရှင်မြတ်တစ်ပါးတည်း အလိုရှိတော်မူသည့်အတိုင်း)ဟု ပြောဆိုခြင်းသည် ပို၍ကောင်းမြတ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
အမျိုးအစားများ
ထပ်၍