عن أبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَا يَحِلُّ لِامْرَأَةٍ مُسْلِمَةٍ تُسَافِرُ مَسِيرَةَ لَيْلَةٍ إِلَّا وَمَعَهَا رَجُلٌ ذُو حُرْمَةٍ مِنْهَا».
[صحيح] - [متفق عليه] - [صحيح مسلم: 1339]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
မည်သည့် မွတ်စ်လင်မ်အမျိုးသမီး တစ်ဦးအတွက်မဆို မိမိ၏ မဟ်ရမ် (သွေးသားတော်စပ်သူ ) အမျိုးသားတစ်ဦးဦးမပါဘဲ တစ်ညတာ ခရီးနှင်ခြင်းသည် မပြုပိုင်ပေ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1339]
တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) က မည်သည့်မွတ်စ်လင်မ်အမျိုးသမီးမဆို မိမိ၏ မဟ်ရမ် (သွေးသားတော်စပ်သူ အမျိုးသား) တစ်ဦးဦး မပါဘဲ တစ်ညတာ ခရီးနှင်ခြင်းသည် ဟရာမ်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။