عَنِ ابْنِ عُمَرَ رَضِيَ اللَّهُ عَنْهُمَا قَالَ:
فَرَضَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ زَكَاةَ الفِطْرِ صَاعًا مِنْ تَمْرٍ، أَوْ صَاعًا مِنْ شَعِيرٍ، عَلَى العَبْدِ وَالحُرِّ، وَالذَّكَرِ وَالأُنْثَى، وَالصَّغِيرِ وَالكَبِيرِ مِنَ المُسْلِمِينَ، وَأَمَرَ بِهَا أَنْ تُؤَدَّى قَبْلَ خُرُوجِ النَّاسِ إِلَى الصَّلاَةِ.
[صحيح] - [متفق عليه] - [صحيح البخاري: 1503]
المزيــد ...
အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် မွတ်စ်လင်များထဲမှ ကျေးကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အားလုံးအပေါ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် မုယောစပါး တစ်စွာအ် ဖိသ်ရဟ်ပေးဆောင်ရန် ဖရဿ်ွအဖြစ်သတ်မှတ်တော်မူခဲ့သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 1503]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရမဿွာန်လကုန်ဆုံးပြီးနောက်တွင် ဇကာသုလ်ဖိသွိရ်ကို ပေးဆောင်ရန် သတ်မှတ်ပြဌာန်းခဲ့သည်။ ၎င်း၏ ပမာဏမှာ တစ်ဆွာအ် ဖြစ်ပြီး ၎င်း၏ အလေးချိန်မှာ မွဒ်လေးခုနှင့် ညီမျှသည်။ "မွဒ်"ဆိုသည်မှာ သာမန်လူတစ်ဦး၏ လက်နှစ်ဖက်အပြည့် ပမာဏကို ဆိုလိုပြီး၊ စွန်ပလွံသီး သို့မဟုတ် မုယောစပါးဖြင့် (ပေးဆောင်ရန် သတ်မှတ်ထားသည်။) မွတ်စ်လင်မ်တိုင်း၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ (ပေးဆောင်ရန် တာဝန်ရှိသည်)။ ဤတာဝန်သည် မိမိကိုယ်တိုင်နှင့် မိမိထိန်းသိမ်းစောင့်ရှောက်ရသူများအတွက် တစ်နေ့နှင့် တစ်ညတာ ရိက္ခာအပြင် ပိုလျှံမှုရှိသူတိုင်းအတွက် ဖြစ်သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။