أَنَّ رَجُلًا قَالَ: يَا رَسُولَ اللهِ إِنَّ لِي قَرَابَةً أَصِلُهُمْ وَيَقْطَعُونِي، وَأُحْسِنُ إِلَيْهِمْ وَيُسِيئُونَ إِلَيَّ، وَأَحْلُمُ عَنْهُمْ وَيَجْهَلُونَ عَلَيَّ، فَقَالَ: «لَئِنْ كُنْتَ كَمَا قُلْتَ، فَكَأَنَّمَا تُسِفُّهُمُ الْمَلَّ وَلَا يَزَالُ مَعَكَ مِنَ اللهِ ظَهِيرٌ عَلَيْهِمْ مَا دُمْتَ عَلَى ذَلِكَ». المزيد
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်
ပုဂ္ဂိုလ်တစ်ဦးက “အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတွင် ဆွေမျိုးအချို့ရှိပါပြီး၊ ကျွန်တော်မျိုးသည် ၎င်းတို့နှင့် ဆွေးမျိုးသားချင်း အဆက်အသွယ်ထားသော်လည်း သူတို့ကမူ ကျွန်တော်မျိုးအား ဆက်ဆံမှုဖြတ်တောက်ပါသည်။ ကျွန်တော်မျိုးသည် သူတို့အား ကောင်းစွာဆက်ဆံသော်လည်း သူတို့ကမူ ကျွန်တော်မျိုးအား ကောင်းစွာဆက်ဆံခြင်း မပြုပါ။ ကျွန်တော်မျိုးသည် ၎င်းတို့အား ခွင့်လွှတ်သည်းခံသော်လည်း သူတို့ကမူ ကျွန်တော်မျိုးအပေါ် မိုက်မဲစွာ ဆက်ဆံပါသည်" ဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “သင်ပြောသည့်အတိုင်း ဟုတ်မှန်ပါက သင်သည် သူတို့အား ပြာပူကျွေးနေသကဲ့သို့ဖြစ်၏။ သင်သည် ထိုသို့သော အခြေအနေတွင် ရှိနေသမျှကာလပတ်လုံး အလ္လာဟ်အရှင်မြတ်ထံတော်မှ ၎င်းတို့အပေါ် သင့်အားကူညီသူတစ်ဦးသည် သင်နှင့်အတူ အမြဲရှိနေပေမည်။” ဟု မိန့်ကြားတော်မူခဲ့သည်။