عَنْ أَبِي ذَرٍّ رَضِيَ اللَّهُ عَنْهُ أَنَّهُ سَمِعَ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«لاَ يَرْمِي رَجُلٌ رَجُلًا بِالفُسُوقِ، وَلاَ يَرْمِيهِ بِالكُفْرِ، إِلَّا ارْتَدَّتْ عَلَيْهِ، إِنْ لَمْ يَكُنْ صَاحِبُهُ كَذَلِكَ».
[صحيح] - [متفق عليه] - [صحيح البخاري: 6045]
المزيــد ...
အဘူဇရ်(ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
" လူတစ်ဦးသည် အခြားလူတစ်ဦးအား အမိန့်ဖီဆန်သည်ဟု စွပ်စွဲခြင်း မပြုရ။ ထို့ပြင် ကာဖိရ် ဖြစ်သည်ဟုလည်း စွပ်စွဲခြင်း မပြုရ။ အကယ်၍ ထိုစွပ်စွဲခံရသူသည် စွပ်စွဲသည့်အတိုင်း မဟုတ်ခဲ့လျှင်၊ ထိုစွပ်စွဲချက်သည် စွပ်စွဲသူ၏အပေါ်သို့ ပြန်လည်ရောက်ရှိလိမ့်မည်။"
[صحيح] - [متفق عليه] - [صحيح البخاري - 6045]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လူတစ်ဦးသည် အခြားသူတစ်ဦးအား “သင်သည် ဖာစစ်က်(အမိန့်ဖီဆန်သူ) ဖြစ်သည်” သို့မဟုတ် “သင်သည် ကာဖိရ်ဖြစ်သည်” ဟု ပြောဆိုခြင်းမပြုရန် သတိပေးတားမြစ်တော်မူခဲ့သည်။ အကယ်၍ ထို(စွပ်စွဲပြောဆိုခံရ)သူသည် ပြောဆိုသည့်အတိုင်း မဟုတ်ခဲ့ပါက၊ ထိုစွပ်စွဲချက်သည် စွပ်စွဲသူအပေါ် ပြန်လည်သက်ရောက်ပြီး ထိုသတ်မှတ်ချက်ကို ထိုသူကသာ ခံစားရမည်ဖြစ်သည်။ သို့ရာတွင် အကယ်၍ စွပ်စွဲခံရသူသည် စွပ်စွဲသည့်အတိုင်း အမှန်တကယ် ဖြစ်နေပါက၊ စွပ်စွဲသူအပေါ်သို့ မည်သည့်အရာမျှ ပြန်လည်မသက်ရောက်ပါ။ အဘယ်ကြောင့်ဆိုသော် သူသည် အမှန်ကိုပြောဆိုခဲ့ခြင်းသာလျှင် ဖြစ်သည်။