عَنْ مَالِكِ بْنِ أَوْسِ بْنِ الْحَدَثَانِ أَنَّهُ قَالَ: أَقْبَلْتُ أَقُولُ مَنْ يَصْطَرِفُ الدَّرَاهِمَ؟ فَقَالَ طَلْحَةُ بْنُ عُبَيْدِ اللهِ وَهُوَ عِنْدَ عُمَرَ بْنِ الْخَطَّابِ رضي الله عنهما: أَرِنَا ذَهَبَكَ، ثُمَّ ائْتِنَا، إِذَا جَاءَ خَادِمُنَا، نُعْطِكَ وَرِقَكَ، فَقَالَ عُمَرُ بْنُ الْخَطَّابِ: كَلَّا، وَاللهِ لَتُعْطِيَنَّهُ وَرِقَهُ، أَوْ لَتَرُدَّنَّ إِلَيْهِ ذَهَبَهُ، فَإِنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«الْوَرِقُ بِالذَّهَبِ رِبًا، إِلَّا هَاءَ وَهَاءَ، وَالْبُرُّ بِالْبُرِّ رِبًا، إِلَّا هَاءَ وَهَاءَ، وَالشَّعِيرُ بِالشَّعِيرِ رِبًا، إِلَّا هَاءَ وَهَاءَ، وَالتَّمْرُ بِالتَّمْرِ رِبًا، إِلَّا هَاءَ وَهَاءَ».
المزيد
မာလိက် ဗင်န် အောင်စ် ဗင်န် ဟဒစားန်က ဆင့်ပြန်ခဲ့သည်။ သူက ပြောပြခဲ့သည်မှာ- ကျွန်ုပ်သည် ( ရွှေဒင်္ဂါးကို ) ငွေဒင်္ဂါးဖြင့် လဲလှယ်ပေးမည့်သူ ရှိပါသလားဟု မေးမြန်းရန် ရောက်ရှိလာခဲ့သည်။ ထိုအခါ သွလ်ဟာ ဗင်န် အုဘိုင်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု) - ထိုအချိန်၌ ၎င်းသည် အုမရ် ဗင်န် ခသ်သွားဗ် (ရဿွိယလ္လာဟုအန်ဟု) ၏ အနားတွင် ရှိနေခဲ့သည်- "သင့်ရွှေကို ကျွန်ုပ်အား ပြပါ၊ ထို့နောက် (နောက်မှ) ကျွန်ုပ်ထံ ပြန်လာပါ။ ကျွန်ုပ်၏ အစေခံ လာသောအခါ ကျွန်ုပ် သင့်အား သင့်ငွေကို ပေးဆောင်ပါမည်" ဟု ပြောခဲ့သည်။ ထိုစကားကို ကြားရသောအခါ အုမရ် ဗင်န် ခသ်သွားဗ် (ရဿွိယလ္လာဟုအန်ဟု) က ပြောဆိုခဲ့သည်မှာ- "အလျှင်းမဖြစ်နိုင်ပါ၊ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ပြောမည်။ အသင် သူ့အား သူ၏ငွေကို (ယခုချက်ချင်း) ပေးဆောင်ရမည် သို့မဟုတ် သူ၏ရွှေကို ပြန်လည်ပေးအပ်ရမည်" အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည် -
ငွေကို ရွှေဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ဂျုံကို ဂျုံဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ မုယောစပါးကို မုယောစပါးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။