အမျိုးအစား:
عَنْ جَابِرِ بْنِ عَبْدِ اللهِ رضي الله عنهما أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:

«اتَّقُوا الظُّلْمَ، فَإِنَّ الظُّلْمَ ظُلُمَاتٌ يَوْمَ الْقِيَامَةِ، وَاتَّقُوا الشُّحَّ، فَإِنَّ الشُّحَّ أَهْلَكَ مَنْ كَانَ قَبْلَكُمْ، حَمَلَهُمْ عَلَى أَنْ سَفَكُوا دِمَاءَهُمْ وَاسْتَحَلُّوا مَحَارِمَهُمْ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2578]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"အသင်တို့သည် မတရားပြုခြင်းမှ ရှောင်ကြဉ်ကြလော့။ ဧကန်စင်စစ် မတရားပြုခြင်းသည် ကိယာမသ်နေ့တွင် (မတရားပြုသူအပေါ်၌ )အမှောင်ထုများ ဖြစ်လိမ့်မည်။ ထို့ပြင် အသင်တို့သည် စေးနှဲတွန့်တိုခြင်း၍ လောဘကြီးခြင်းကိုလည်း ရှောင်ကြဉ်ကြလော့။ ဧကန်စင်စစ် စေးနှဲတွန့်တို၍ လောဘကြီးခြင်းသည် သင်တို့မတိုင်မှီ ရှိခဲ့ကြသူများအား ပျက်ဆီးစေခဲ့သည်။ ယင်းသည် ၎င်းတို့အချင်းချင်း သွေးချောင်းစီးအောင် သတ်ဖြတ်စေခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် ဟရာမ်အဖြစ်သတ်မှတ်ထားသော အရာများကို ဟလာလ်အဖြစ် ပြုလုပ်သတ်မှတ်ခဲ့ကျသည်။"

الملاحظة
بارک اللە
النص المقترح عن جابر بن عبدالله رضي الله عنهما قال قال رسول الله صلى الله عليه وسلم : «اتقوا الظلم؛ فإن الظلم ظلمات يوم القيامة، واتقوا الشُّحَّ؛ فإن الشُّحَّ أَهْلَك من كان قبلكم، حملهم على أن سفكوا دماءهم، وَاسْتَحَلُّوا محارمهم».

[صحيح] - [رواه مسلم] - [صحيح مسلم - 2578]

ရှင်းလင်းချက်

တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မတရားကျူးလွန်ခြင်းမှ သတိပေးတားမြစ်တော်မူခဲ့သည်။ ယင်းတွင် လူသားချင်းချင်း မတရားကျူးလွန်ခြင်း၊ မိမိကိုယ်ကိုယ် မတရားကျူးလွန်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ အခွင့်အရေးနှင့်ပတ်သတ်ပြီး မတရားကျူးလွန်ခြင်းတို့ ပါဝင်သည်။ မတရားကျူးလွန်ခြင်းဆိုသည်မှာ ရပိုင်ခွင့်ရှိသူအား ၎င်း၏အခွင့်အရေးကို မပေးအပ်ခြင်းပင်ဖြစ်သည်။ မတရားကျူးလွန်ခြင်းသည် ကိယာမသ်နေ့တွင် မတရားကျူးလွန်သူများအပေါ်၌ အမှောင်ထုများ ဖြစ်ပေလိမ့်မည်။ တစ်နည်း ၎င်းကြောင့် ခက်ခဲသော အခြေအနေများနှင့် ကြောက်မက်ဖွယ်ရာများကို ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်သည်။ ထိုနည်းတူ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (الشُّحَّ) မှလည်း တားမြစ်တော်မူခဲ့သည်။ 'ရွှတ်ဟ်' ဆိုသည်မှာ လောဘကြီးခြင်းနှင့်အတူ အလွန်အမင်း စေးနှဲတွန့်တိုခြင်း ဖြစ်သည်။ ၎င်းတွင် ငွေကြေးဆိုင်ရာ အခွင့်အရေးများ ပေးအပ်ရာတွင် လစ်ဟင်းခြင်းနှင့် လောကီအပေါ် ပြင်းပြသော လောဘထားခြင်းတို့ပါဝင်သည်။ ဤမတရားမှုအမျိုးအစားသည် ကျွန်ုပ်တို့ရှေ့က လူမျိုးအပေါင်းတို့ကို ဖျက်ဆီးပစ်ခဲ့သည်။ အဘယ် ကြောင့်ဆိုသော် ယင်းသည် ၎င်းတို့အချင်းချင်း တိုက်ခိုက်သတ် ဖြတ်စေခဲ့ပြီး၊ အလ္လာဟ်အရှင်မြတ် ဟရာမ်အဖြစ်သတ်မှတ်ထားသော အရာများကို ဟလာလ်အဖြစ် ပြုလုပ်သတ်မှတ်‌ စေခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ ငွေကြေးသုံးစွဲခြင်းနှင့် ညီနောင်များအား စာနာထောက်ထားခြင်းသည် အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် အဆက်အသွယ်ထားရှိမှုကို ဖြစ်စေသည့်အကြောင်းခံတစ်ရပ် ဖြစ်သည်။
  2. ၂။ စေးနှဲတွန့်တိုခြင်းနှင့် လောဘကြီးခြင်းသည် အပြစ်အကုသိုလ်များ၊ စက်ဆုပ်ရွံရှာဖွယ်ကိစ္စရပ်များနှင့် မကောင်းမှုဒုစရိုက်များဆီသို့ ပို့ဆောင်သည်။
  3. ၃။ ရှေးယခင်လူမျိုးများ၏ အခြေအနေများမှ သင်ခန်းစာယူခြင်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
အမျိုးအစားများ
ထပ်၍