«الْمُؤْمِنُ الْقَوِيُّ، خَيْرٌ وَأَحَبُّ إِلَى اللهِ مِنَ الْمُؤْمِنِ الضَّعِيفِ، وَفِي كُلٍّ خَيْرٌ، احْرِصْ عَلَى مَا يَنْفَعُكَ، وَاسْتَعِنْ بِاللهِ وَلَا تَعْجَزْ، وَإِنْ أَصَابَكَ شَيْءٌ، فَلَا تَقُلْ لَوْ أَنِّي فَعَلْتُ كَانَ كَذَا وَكَذَا، وَلَكِنْ قُلْ قَدَرُ اللهِ وَمَا شَاءَ فَعَلَ، فَإِنَّ (لَوْ) تَفْتَحُ عَمَلَ الشَّيْطَانِ». المزيد
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“အားကောင်းသည့် မုအ်မင်န်သည် အားအင်ချည့်နဲ့သည့် မုအ်မင်န်ထက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်ခြင်းခံရသည်။ မုအ်မင်န်တိုင်းတွင် ကောင်းခြင်းရှိသည်။ အသင့်အားအကျိုးပြုမည့်အရာကို လိုလားပါ။ အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကူအညီတောင်းခံပါ။ မတတ်စွမ်းနိုင်သူ မဖြစ်လေနှင့်။ အကယ်၍ သင့်ထံ တစ်စုံတစ်ရာ ဆိုက်ရောက်လာပါက အကယ်၍ ငါသာ ဒီလိုလုပ်ခဲ့ရင် ဒီလို ဒီလို ဖြစ်ခဲ့မည်ဟူ၍ မပြောဆိုလေနှင့်။ သို့သော် အလ္လာဟ်အရှင်မြတ် သတ်မှတ်စီရင်တော်မူခဲ့ပြီးဖြစ်သည်။ အရှင်မြတ်သည် မိမိအလိုရှိသည်ကို ပြုလုပ်တော်မူခဲ့သည်ဟုသာ ပြောဆိုပါ။ အဘယ်ကြောင့်ဆိုသော် (အကယ်၍)ဟူသော စကားလုံးသည် ရှိုင်သွာန်၏ လုပ်ရပ်ကို ဖွင့်ပေးလိုက်သောကြောင့်ဖြစ်သည်။"