عَنْ عَائِشَةَ أُمِّ المؤْمِنينَ رَضِيَ اللهُ عَنْهَا:
كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَجْتَهِدُ فِي الْعَشْرِ الْأَوَاخِرِ مَا لَا يَجْتَهِدُ فِي غَيْرِهِ.

[صحيح] - [رواه مسلم] - [صحيح مسلم: 1175]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
"အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ရမဿွာန်လ၏) နောက်ဆုံးဆယ်ရက်တွင် (ရမဿွာန်လ၏)အခြားရက်များထက်ပို၍ အထူးအားထုတ် ကြိုးပမ်းတော်မူလေ့ရှိသည်။

[صحيح] - [رواه مسلم] - [صحيح مسلم - 1175]

ရှင်းလင်းချက်

နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လမြတ်ရမဿွန်၏ နောက်ဆုံးဆယ်ရက် ရောက်လာသောအခါ (ရမဿွာန်လ၏)အခြားရက်များထက်ပို၍ အထူးအားထုတ် ကြိုးပမ်းတော်မူလေ့ရှိပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုများ၊ နာခံမှုများကို အားသွန်ခွန်စိုက်ပြုလုပ်ကာ ကောင်းမှုအမျိုးမျိုး၊ ရက်ရောစွာပေးကမ်းမှုများနှင့် အိဗာဒသ်ခဝပ်ကိုးကွယ်မှုအမျိုးအမျိုးကို အထူးတလည် မြှင့်တင်ပြုလုပ်လေ့ရှိသည်။ ဤသို့ပြုလုပ်ခြင်းမှာ ထိုညများ၏ ကြီးကျယ်မြင့်မြတ်မှုများနှင့် အကျိုးကျေးဇူးတော်များကြောင့် ဖြစ်ပြီး 'လိုင်လသုလ်ကဒရ်' (ကဒရ်ည)ကို ရှာဖွေရန် အတွက် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ရမဿွာန်လတစ်လလုံးတွင် အထူးသဖြင့် နောက်ဆုံးဆယ်ရက်တွင် ကောင်းမှုကုသိုလ်နှင့် အမျိုးမျိုး သောနာခံကိုးကွယ်မှုများကို ပိုမိုများပြားစွာဆောင်ရွက်ရန် တိုက်တွန်းနှိုး‌ဆော်ထားခြင်း။
  2. ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်သည် ၂၁ ရက်မြောက်ညမှ စတင်၍ လကုန်သည်အထိ ဖြစ်သည်။
  3. မြင့်မြတ်သောအချိန်များကို ကောင်းမှုကုသိုလ်များဖြင့် အကျိုးရှိစွာအသုံးချခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (49)
ထပ်၍