«الصَّلَوَاتُ الْخَمْسُ، وَالْجُمُعَةُ إِلَى الْجُمُعَةِ، وَرَمَضَانُ إِلَى رَمَضَانَ، مُكَفِّرَاتٌ مَا بَيْنَهُنَّ إِذَا اجْتَنَبَ الْكَبَائِرَ».
[صحيح] - [رواه مسلم] - [صحيح مسلم: 233]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ပါက ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ ဂျုမုအဟ်တစ်ကြိမ်မှ နောက်ဂျုမုအဟ်သည်လည်းကောင်း၊ ရမဿွာန်တစ်လမှ နောက်ရမဿွာန်သည်လည်းကောင်း ယင်းတို့၏ စပ်ကြား၌ရှိသော အကုသိုလ်များအား ပလပ်စေမည်ဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ခဲ့ပါက နေ့နှင့်ညတွင် ဆောက်တည်သည့် ဖရ်ဿ်ွ ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ အပတ်စဉ်ဆောက်တည်သည့် ဂျုမုအဟ်ဆွလာသ်သည်လည်းကောင်း၊ နှစ်စဉ်စောင့်ထိန်းသည့် ရမဿွာန်လ၏ ဆွိယာမ်ဥပုသ်သည်လည်းကောင်း ၎င်းတို့ကြား၌ ကျူးလွန်ခဲ့သော သေးငယ်သော အပြစ်အကုသိုလ်များကို ပလပ်စေမည်ဖြစ်သည်။ သို့သော် တရားမဝင်ကာမကျူးလွန်ခြင်း၊ အရက်သောက်ခြင်းကဲ့သို့ ကြီးလေးသော အပြစ်အကုသိုလ်များသည် (သောင်ဗဟ်)အမှားဝန်ချတောင်းပန်မှုပြုမှသာလျှင် ပလပ်ခြင်းခံရမည်ဖြစ်သည်။
الكبائر هي الذنوب التي ورد فِيهِا حد فِي الدُّنْيَا، أَو جَاءَ فِيهِا وَعِيد فِي الْآخِرَة؛ بالعَذَاب، أَو الغضب، أَو كان فيها تهديدٌ، أَو لعنٌ لفَاعلِها، كالزنى وشرب الخمر.الحديث