အမျိုးအစား: .
عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم كان يقول:

«الصَّلَوَاتُ الْخَمْسُ، وَالْجُمُعَةُ إِلَى الْجُمُعَةِ، وَرَمَضَانُ إِلَى رَمَضَانَ، مُكَفِّرَاتٌ مَا بَيْنَهُنَّ إِذَا اجْتَنَبَ الْكَبَائِرَ».
[صحيح] - [رواه مسلم] - [صحيح مسلم: 233]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ပါက ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ ဂျုမုအဟ်တစ်ကြိမ်မှ နောက်ဂျုမုအဟ်သည်လည်းကောင်း၊ ရမဿွာန်တစ်လမှ နောက်ရမဿွာန်သည်လည်းကောင်း ယင်းတို့၏ စပ်ကြား၌ရှိသော အကုသိုလ်များအား ပလပ်စေမည်ဖြစ်သည်။

الملاحظة
Qur,aanka
النص المقترح Qur,aanka
الملاحظة
لو سمحتم تكتبوا رقم المرجع أمام الحديث والشرح جزاكم الله خيراً و كتب لكم الاجر
النص المقترح كتب الله لكم الاجر و فتح الله لكم يا رب

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 233]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ခဲ့ပါက နေ့နှင့်ညတွင် ဆောက်တည်သည့် ဖရ်ဿ်ွ ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ အပတ်စဉ်ဆောက်တည်သည့် ဂျုမုအဟ်ဆွလာသ်သည်လည်းကောင်း၊ နှစ်စဉ်စောင့်ထိန်းသည့် ရမဿွာန်လ၏ ဆွိယာမ်ဥပုသ်သည်လည်းကောင်း ၎င်းတို့ကြား၌ ကျူးလွန်ခဲ့သော သေးငယ်သော အပြစ်အကုသိုလ်များကို ပလပ်စေမည်ဖြစ်သည်။ သို့သော် တရားမဝင်ကာမကျူးလွန်ခြင်း၊ အရက်သောက်ခြင်းကဲ့သို့ ကြီးလေးသော အပြစ်အကုသိုလ်များသည် (သောင်ဗဟ်)အမှားဝန်ချတောင်းပန်မှုပြုမှသာလျှင် ပလပ်ခြင်းခံရမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အပြစ်အကုသိုလ်များကို ကြီးလေးသောအပြစ်အကုသိုလ်နှင့် သေးငယ်သောအပြစ်အကုသိုလ် ဟူ၍ ခွဲခြားထားသည်။
  2. သေးငယ်သော အပြစ်အကုသိုလ်များ ပလပ်ခံရရန်အတွက် ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ရမည်ဟူ၍ စည်းကမ်းသတ်မှတ်ထားသည်။
  3. ကြီးလေးသော အပြစ်အကုသိုလ်ဆိုသည်မှာ ဤလောက၌ ပြစ်ဒဏ်ပေးရန် သတ်မှတ်ထားသော အပြစ်အကုသိုလ်များ သို့မဟုတ် နောင်တမလွန်တွင် အဇာဗ်ပြစ်ဒဏ်ပေးခံရမည် သို့မဟုတ် အရှင်မြတ်၏ အမျက်ဒေါသကျရောက်မည်ဟု ခြိမ်းခြောက်ထားသော အပြစ်အကုသိုလ်များ သို့မဟုတ် ကျူးလွန်သူအပေါ် လအ်နသ်ကျရောက်မည်ဟု သတိပေးခြိမ်းခြောက်ထားသော အပြစ်အကုသိုလ်များကို ခေါ်ဆိုသည်။ ဥပမာ- တရားမဝင်ကာမကျူးလွန်ခြင်း၊ အရက်သောက်ခြင်းစသည်တို့ဖြစ်သည်။
الملاحظة
الكبائر هي الذنوب التي ورد فِيهِا حد فِي الدُّنْيَا، أَو جَاءَ فِيهِا وَعِيد فِي الْآخِرَة؛ بالعَذَاب، أَو الغضب، أَو كان فيها تهديدٌ، أَو لعنٌ لفَاعلِها، كالزنى وشرب الخمر.
الحديث
النص المقترح لا يوجد...
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
အမျိုးအစားများ
  • .
ထပ်၍