«إِنَّ الْعَهْدَ الَّذِي بَيْنَنَا وَبَيْنَهُمُ الصَّلَاةُ، فَمَنْ تَرَكَهَا فَقَدْ كَفَرَ».
[صحيح] - [رواه الترمذي والنسائي وابن ماجه وأحمد] - [سنن النسائي: 463]
المزيــد ...
ဗုရိုင်းဒဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဧကန်အမှန်ပင် ကျွန်ုပ်တို့(မွတ်စ်လင်မ်များ)နှင့် ၎င်း(မွတ်စ်လင်မ်မဟုတ်သူ)တို့ကြား၌ရှိသည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ သို့ဖြစ်၍ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက ထိုသူသည်အမှန်ပင် ကာဖိရ်ဖြစ်သွားမည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်မုချ အစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင် မဟုတ်သူများ၊ မုနာဖိက် အရေခြုံများကြားတွင်ရှိသည့် အကာအကွယ်ပေးခြင်း၊ ကတိသစ္စာတရားနှင့် သက်ဆိုင်သည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက မုချထိုသူသည် ကာဖိရ်ဖြစ်သွားမည်ဖြစ်သည်။