عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ: «قَالَ اللَّهُ: كَذَّبَنِي ابْنُ آدَمَ وَلَمْ يَكُنْ لَهُ ذَلِكَ، وَشَتَمَنِي وَلَمْ يَكُنْ لَهُ ذَلِكَ، فَأَمَّا تَكْذِيبُهُ إِيَّايَ فَقَوْلُهُ: لَنْ يُعِيدَنِي، كَمَا بَدَأَنِي، وَلَيْسَ أَوَّلُ الخَلْقِ بِأَهْوَنَ عَلَيَّ مِنْ إِعَادَتِهِ، وَأَمَّا شَتْمُهُ إِيَّايَ فَقَوْلُهُ: اتَّخَذَ اللَّهُ وَلَدًا وَأَنَا الأَحَدُ الصَّمَدُ، لَمْ أَلِدْ وَلَمْ أُولَدْ، وَلَمْ يَكُنْ لِي كُفْؤًا أَحَدٌ». المزيد
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - လူသားသည် ငါအရှင်မြတ်အား မဟုတ်မမှန် ပြောဆိုသည်။ လူသားသည် ထိုသို့မပြောသင့်ပေ။ လူသားသည် ငါအရှင်မြတ်အား စွပ်စွဲပြောဆိုသည်။ လူသားသည် ထိုသို့မပြောသင့်ပေ။ ငါအရှင်မြတ်အား လူသားသည် မဟုတ်မမှန် ပြောဆိုသည့်ကိစ္စရပ်မှာ ငါအရှင်သည် မြတ်လူသားအား စတင်ဖန်ဆင်းခဲ့သည့်အတိုင်း ကိယာမသ်နေ့၌ ပြန်လည်ဖန်ဆင်းရန်မတတ်စွမ်းနိုင်ပေဟု ပြောခြင်းဖြစ်သည်။ (အရှင်မြတ်က ဤသို့တုန့်ပြန်တော်မူ၏) စတင်ဖန်ဆင်းခဲ့သည့်အတိုင်းဖန်ဆင်းခြင်းထက် ကိယာမသ်နေ့၌ ပြန်လည်ဖန်ဆင်းရန်မှာ အလွန်ပင်လွယ်ကူလှသည်။ လူသားသည် ငါအရှင်မြတ်အား စွပ်စွဲ ပြောဆိုသည့်ကိစ္စရပ်မှာ ငါအရှင်မြတ်ထံတော်တွင် သားသမီးရှိသည်ဟု ပြောဆိုခြင်းဖြစ်သည်။ (အရှင်မြတ်က ဤသို့တုန့်ပြန်တော်မူ၏) ငါအရှင်သည် တစ်ဆူတည်းတည်ရှိမူသောအရှင်၊ လိုလားတောင့်တခြင်းလုံးဝကင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏မှီခိုအားထားရာအရှင်ဖြစ်တော်မူပြီး ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏မွေးဖွားခြင်းကိုလည်း ခံခဲ့ရတော်မူသည်မဟုတ်ပါ။ ငါအရှင်မြတ်နှင့်ဂုဏ်ရည်တူသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိပေ။