عَنْ أَبِي عُبَيْدٍ، مَوْلَى ابْنِ أَزْهَرَ، قَالَ:
شَهِدْتُ العِيدَ مَعَ عُمَرَ بْنِ الخَطَّابِ رَضِيَ اللَّهُ عَنْهُ، فَقَالَ: هَذَانِ يَوْمَانِ نَهَى رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَنْ صِيَامِهِمَا: يَوْمُ فِطْرِكُمْ مِنْ صِيَامِكُمْ، وَاليَوْمُ الآخَرُ تَأْكُلُونَ فِيهِ مِنْ نُسُكِكُمْ.
[صحيح] - [متفق عليه] - [صحيح البخاري: 1990]
المزيــد ...
အစ်ဗ်နု အဇ်ဟရ် သူကောင်းပြုခဲ့ သော အဗူအိုဗိုင်းဒ်က ဆင့်ပြန်ခဲ့သည်။
"ကျွန်ုပ်သည် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) နှင့်အတူ အိဒ်ဆွလာသ်၌ ပါဝင်ခဲ့ရာ၊ ၎င်းက မိန့်ကြားခဲ့သည်မှာ - 'ဤ ရက်နှစ်ရက်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ တားမြစ်တော်မူခဲ့သည့် ရက်နှစ်ရက် ဖြစ်သည်။ (တစ်ရက်မှာ) အသင်တို့ (ရမဿွာန်လ) ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ ဝါကျွတ်သည့်နေ့ (အီးဒ်နေ့) ဖြစ်ပြီး၊ အခြားတစ်ရက်မှာ အသင်တို့ ကုရ်ဗာနီသားကောင်၏ အသားကို စားသုံးသောနေ့ အီဒုလ်အဿ်ွဟာနေ့ပင် ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 1990]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အီးဒုလ်ဖိသိရ် နှင့် အီးဒုလ်အဿ်ွဟာနေ့၌ ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ တားမြစ်တော်မူခဲ့သည်။ အီးဒုလ်ဖိသိရ်ဆိုသည်မှာ ရမဿွာန်လ ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ ဝါကျွတ်သည့်နေ့ ဖြစ်ပြီး၊ အီးဒုလ်အဿ်ွဟာဆိုသည်မှာကုရ်ဗာနီသားကောင်၏ အသားကို စားသုံးသောနေ့ ဖြစ်သည်။