عَن أَبِي سَعِيدٍ الخُدْرِيَّ رَضِيَ اللَّهُ عَنْهُ أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِذَا وُضِعَتِ الجِنَازَةُ وَاحْتَمَلَهَا الرِّجَالُ عَلَى أَعْنَاقِهِمْ فَإِنْ كَانَتْ صَالِحَةً قَالَتْ: قَدِّمُونِي، وَإِنْ كَانَتْ غَيْرَ صَالِحَةٍ قَالَتْ: يَا وَيْلَهَا أَيْنَ يَذْهَبُونَ بِهَا؟ يَسْمَعُ صَوْتَهَا كُلُّ شَيْءٍ إِلَّا الإِنْسَانَ، وَلَوْ سَمِعَهُ صَعِقَ».

[صحيح] - [رواه البخاري] - [صحيح البخاري: 1314]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူစအီးဒ် ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“သေသူ(၏အ လောင်း)သည် ထမ်းစင်ပေါ်ထားခြင်းခံရပြီး ယင်းအား အမျိုးသားတို့က မိမိတို့၏ပခုံးများပေါ်တွင် ထမ်း၍ သယ်ဆောင်သွားကြသောအခါ၊ ထိုသေသူသည် သူတော်ကောင်းဖြစ်လျှင် ‘ကျွန်ုပ်ကို ရှေ့သို့ အမြန်ပို့ဆောင်ကြပါ’ ဟု ပြောဆို၏။ အကယ်၍ သူတော်ကောင်းမဟုတ်လျှင် ‘အိုး၊ ပျက်စီးရလေခြင်း။ ဤသူတို့သည် မိမိကို မည်သို့သောနေရာသို့ ခေါ်ဆောင်သွားကြသနည်း’ဟု ပြောဆို၏။ လူသားမှအပ အရာခပ်သိမ်းတို့သည် ထိုအသံကို ကြားရ၏။ အကယ်၍ လူသားသည် ထိုအသံကို ကြားခဲ့လျှင် သတိလစ်မေ့မြောသွားလိမ့်မည်။”

[صحيح] - [رواه البخاري] - [صحيح البخاري - 1314]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ- သေသူ(၏ အလောင်း)သည် ထမ်းစင်ပေါ်ထားခြင်းခံရပြီး ယင်းအား အမျိုးသားတို့က မိမိတို့၏ပခုံးများပေါ်တွင် ထမ်း၍ သယ်ဆောင်သွားကြသောအခါ၊ ထိုသေသူသည် သူတော်ကောင်းဖြစ်လျှင် မိမိ၏ရှေ့တွင်ရှိသော နိအ်မသ်စည်းစိမ်သုခကို မြင်တွေ့ရသောကြောင့် ‘ကျွန်ုပ်အား ရှေ့သို့ အမြန်ပို့ဆောင်ကြပါ’ ဟု ပြောဆို၏။ အကယ်၍ သူတော်ကောင်းမဟုတ်လျှင် မိမိ၏ ရှေ့တွင်ရှိသော အဇားဗ်ပြစ်ဒဏ်ကို မြင်တွေ့ရသောကြောင့် ‘အိုး၊ ပျက်စီးရလေခြင်း။ ဤသူတို့သည် မိမိကို မည်သို့သောနေရာသို့ ခေါ်ဆောင်သွားကြသနည်း’ဟု ကြောက်မက်ဖွယ်အသံဖြင့် အော်ဟစ်လိမ့်မည်။ လူသားမှအပ အရာခပ်သိမ်းတို့သည် ထိုအသံကို ကြားရ၏။ အကယ်၍ လူသားတို့သည် ထိုအသံကို ကြားခဲ့လျှင် သတိလစ်မေ့မြောသွားလိမ့်မည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ သေသူသည် သူတော်ကောင်းဖြစ်လျှင် မိမိအား မြှုပ်နှံခြင်းမပြုမီအလျှင် ဝမ်းမြောက်ဖွယ်သတင်းကောင်းများကို မြင်တွေ့ရပြီး၊ ကာဖိရ်သည် (ထိုအချိန်၌) ထိတ်လန့်တုန်လှုပ်ကာ ဆန့်ကျင်ဖက်ကို မြင်တွေ့ရသည်။
  2. ၂။ အချို့သောအသံများကို လူသားမှလွဲ၍ အခြား (သတ္တဝါ) တို့ ကြားရပြီး၊ လူသားတို့သည် ထိုအသံများကို မကြားနိုင်ကြပေ။
  3. ၃။ ဂျနာဇဟ်ကို အမျိုးသားများ၏ ပခုံးပေါ်တွင် ထမ်း၍သယ်‌ဆောင်ခြင်းသည် စွန္နသ်ဖြစ်ပြီး၊ အမျိုးသမီးများ ထမ်းခြင်းမပြုရ။ အကြောင်းမူကား အမျိုးသမီးများအား ဂျနာဇဟ်ကို လိုက်ပါပို့ဆောင်ခြင်းမှ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) တားမြစ်ထားတော်မူခြင်းကြောင့် ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (44)
ထပ်၍