قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ غَدَاةَ الْعَقَبَةِ وَهُوَ عَلَى نَاقَتِهِ: «الْقُطْ لِي حَصًى» فَلَقَطْتُ لَهُ سَبْعَ حَصَيَاتٍ، هُنَّ حَصَى الْخَذْفِ، فَجَعَلَ يَنْفُضُهُنَّ فِي كَفِّهِ وَيَقُولُ: «أَمْثَالَ هَؤُلَاءِ فَارْمُوا» ثُمَّ قَالَ: «أَيُّهَا النَّاسُ، إِيَّاكُمْ وَالْغُلُوَّ فِي الدِّينِ، فَإِنَّما أَهْلَكَ مَنْ كَانَ قَبْلَكُمْ الْغُلُوُّ فِي الدِّينِ». المزيد
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန် ပြောကြားခဲ့သည်။
အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (ရှိုင်သွာန် ခဲပေါက်သည့်) အကဗဟ်နေ့ နံနက်တွင် မိမိ၏ ကုလားအုတ်မပေါ်တွင် ရှိနေတော်မူသည်။ ကိုယ်တော်က ငါကိုယ်တော်အတွက် ခဲကောက်ပေးပါဟု မိန့်ကြားသဖြင့် ကျွန်တော်က လက်နှစ်ချောင်းဖြင့်ကိုင်၍ပစ်လို့ရသည့် အရွယ်အစားရှိသော ကျောက်ခဲခုနှစ်လုံးကို ကိုယ်တော့်အတွက် ကောက်ပေးခဲ့သည်။ ကိုယ်တော်သည် ၎င်းတို့ကို မိမိလက်ဖဝါးပေါ်တွင် လှုပ်ခတ်ကြည့်တော်မူပြီး မိန့်တော်မူသည်မှာ ဤအရွယ်များကိုသာ အသင်တို့ပစ်ကြပါ။ ထို့နောက် ဆက်လက် မိန့်ကြားတော်မူသည်မှာ အို လူတို့ အသင်တို့သည် သာသနာရေး၌ အစွန်းရောက်ခြင်းကို ရှောင်ကြဉ်ကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသူများသည် သာသနာရေးတွင် အစွန်းရောက်မှုကြောင့် ပျက်စီးခဲ့ကြသည်။