عن تَميم الداري رضي الله عنه، قال: سمعتُ رسول الله صلى الله عليه وسلم يقول:
«‌لَيَبْلُغَنَّ ‌هَذَا الأَمْرُ مَا بَلَغَ اللَّيْلُ وَالنَّهَارُ، وَلَا يَتْرُكُ اللهُ بَيْتَ مَدَرٍ وَلَا وَبَرٍ إِلَّا أَدْخَلَهُ اللهُ هَذَا الدِّينَ، بِعِزِّ عَزِيزٍ أَوْ بِذُلِّ ذَلِيلٍ، عِزًّا يُعِزُّ اللهُ بِهِ الإِسْلَامَ، وَذُلًّا يُذِلُّ اللهُ بِهِ الكُفْرَ» وَكَانَ تَمِيمٌ الدَّارِيُّ يَقُولُ: قَدْ عَرَفْتُ ذَلِكَ فِي أَهْلِ بَيْتِي، لَقَدْ أَصَابَ مَنْ أَسْلَمَ مِنْهُمُ الْخَيْرُ وَالشَّرَفُ وَالْعِزُّ، وَلَقَدْ أَصَابَ مَنْ كَانَ مِنْهُمْ كَافِرًا الذُّلُّ وَالصَّغَارُ وَالْجِزْيَةُ.

[صحيح] - [رواه أحمد] - [مسند أحمد: 16957]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

သမီးမ် အဒ်ဒါရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
ဤအရေးကိစ္စ (အစ္စလာမ်သာသနာ) သည် ညနှင့်နေ့ ရောက်ရှိသော နေရာတိုင်း( တစ်ကမ္ဘာလုံး )သို့ မုချဧကန် ရောက်ရှိသွားလိမ့်မည်။ ရွံ့စေးဖြင့်ပြုလုပ်ထားသော အိမ်ဖြစ်စေ၊ သိုးမွေးဖြင့်ပြုလုပ်ထားသော အိမ်ဖြစ်စေ( တစ်နည်း မြို့တွင် နေသူဖြစ်စေ၊ တောရွာတွင် နေသူဖြစ်စေ) အလ္လာဟ်အရှင်မြတ်သည် ဤအစ္စလာမ်သာသနာကို မသွတ်သွင်းဘဲ မည်သည့်အိမ်တစ်အိမ်ကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ။ (ထိုအိမ်ရှင်များသည်) ဂုဏ်သိက္ခာရှိစွာဖြင့် (အစ္စလာမ်သာသနာကို) လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်ပြီး သေးသိမ်မှုကို လက်ခံကြသည်ဖြစ်စေ ( ၎င်းတို့လက်ခံသည့် အတိုင်းသာ ဖြစ်ပေမည်)။ ထိုဂုဏ်သိက္ခာအား အလ္လာဟ်အရှင်မြတ်သည် အစ္စလာမ်သာသနာကို အကြောင်းခံ၍ ချီးမြှင့်တော်မူမည်ဖြစ်ပြီး၊ သေးသိမ်မှုအား အလ္လာဟ်အရှင်မြတ်သည် ကုဖုရ်ငြင်းပယ်မှုကို အကြောင်းခံ၍ သူတို့အား ရင်ဆိုင်စေတော်မူမည်ဖြစ်သည်။ ထို့နောက် သမီးမ် အဒ်ဒါရီ(ရဿွိယလ္လာဟုအန်ဟု)က “ကျွန်ုပ်၏မိသားစုထဲ၌ပင် ဤအချက်ကို ကိုယ်တွေ့မြင်ခဲ့ရပါသည်။ ၎င်းတို့ထဲမှ အစ္စလာမ်သာသနာကို လက်ခံခဲ့ကျသူများသည် ကောင်းခြင်း၊ ဂုဏ်သိက္ခာနှင့် ဂုဏ်အသရေတို့ကို ရရှိခဲ့ကြသည်။ သို့ရာတွင် ကာဖိရ်အဖြစ် ဆက်လက်ရှိနေခဲ့ကျသူများမှာမူ သေးသိမ်နိမ့်ကျခြင်း၊ ဂုဏ်သိက္ခာမဲ့ခြင်းနှင့် ဂျိဇ်ယဟ် ( အခွန် ) ပေးဆောင်ရမှုကို ရင်ဆိုင်ခံစားခဲ့ကြရသည်” ဟု ပြောဆိုခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။] - [مسند أحمد - 16957]

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဤအစ္စလာမ်သာသနာသည် ကမ္ဘာမြေ၏ နေရာအသီးသီးသို့ ပြန့်နှံ့သွားမည်ဖြစ်ကြောင်း ကြိုတင်မိန့်ကြားတော်မူခဲ့သည်။ ညနှင့်နေ့ ရောက်ရှိရာ မည်သည့်နေရာဒေသမဆို ဤသာသနာရောက်ရှိသွားမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မြို့ပြရှိ(လူများ၏) အိမ်များ သို့မဟုတ် ကျေးလက်တောတောင်ရှိ( လူများ၏)အိမ်များကိုပင် ဤဒီန်(အစ္စလာမ်သာသနာ) ကို မသွတ်သွင်းဘဲ မည်သည့်အိမ်တစ်အိမ်ကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ။ သို့ဖြစ်ရာ မည်သူမဆို ဤသာသနာကို လက်ခံယုံကြည်ပါက အစ္စလာမ်သာသနာ၏ ဘုန်းတန်ခိုးကြောင့် ဂုဏ်သိက္ခာရှိသူ ဖြစ်မည်ဖြစ်ပြီး၊ မည်သူမဆို ထိုသာသနာအား ငြင်းပယ်ပါက ဂုဏ်သိက္ခာမဲ့ကာ သေးသိမ်သူအဖြစ် နှိမ့်ချခြင်းကို ခံရသူဖြစ်ပေမည်။
ထို့နောက် သမီးမ်အဒ်ဒါရီ (ရဿွိယလ္လာဟုအန်ဟု) က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်းကို မိမိ၏ မိသားစုဝင်များထဲ၌ပင် ကိုယ်တွေ့မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့ထဲမှ အစ္စလာမ်သာသနာကို လက်ခံခဲ့ကျသူများသည် ကောင်းခြင်း၊ ဂုဏ်သိက္ခာနှင့် ဂုဏ်အသရေတို့ကို ရရှိခဲ့ကြသည်။ သို့ရာတွင် ကုဖုရ်ငြင်းပယ်ခဲ့ကျသူများမှာမူ သေးသိမ်နိမ့်ကျခြင်း၊ ဂုဏ်သိက္ခာမဲ့ခြင်းအပြင်၊ မွတ်စ်လင်မ်များအား အခွန်ကြေးဆောင်ရခြင်းတို့ကို ခံစားခဲ့ကြရသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စ်လင်မ်များအား ၎င်းတို့၏သာသနာသည် ကမ္ဘာအနှံ့ ပြန့်နှံ့မည်ဖြစ်ကြောင်း သတင်းကောင်းပေးထားခြင်း။
  2. အစ္စလာမ်သာသနာနှင့် မွတ်စ်လင်မ်များအတွက် ဂုဏ်သိက္ခာရှိမည်ဖြစ်ကြောင်းနှင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကုဖုရ်‌သွေဖည်
  3. ငြင်းပယ်ခြင်းနှင့် ကာဖိရ်သွေဖည်ငြင်းပယ်သူများအတွက် သေးသိမ်နှိမ့်ကျခြင်း ရှိမည်ဖြစ်ခြင်း။
  4. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နဗီတမန်တော်အစစ်အမှန်ဖြစ်ကြောင်းသက်သေထူသည့် ကြီးမားသော သက်သေလက္ခဏာတစ်ရပ် ပါရှိသည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် မိန့်ကြားတော်မူခဲ့သည့်အတိုင်း ဖြစ်ပျက်ခဲ့သောကြောင့်တည်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (53)
ထပ်၍