عَنِ أَبي عبدِ الرَّحمنِ عبدِ اللهِ بْنِ عُمَرَ بن الخَطَّابِ رَضِيَ اللَّهُ عَنْهُمَا قَالَ: سَمِعتُ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ: " بنِيَ الإِسْلاَمُ عَلَى خَمْسٍ: شَهَادَةِ أَنْ لاَ إِلَهَ إِلَّا اللَّهُ وَأَنَّ مُحَمَّدًا رَسُولُ اللَّهِ، وَإِقَامِ الصَّلاَةِ، وَإِيتَاءِ الزَّكَاةِ، وَحَجِّ البَيتِ، وَصَوْمِ رَمَضَانَ".
[صحيح] - [متفق عليه]
المزيــد ...

အဗူအဗ်ဒုရ်ရဟ်မာန် အဗ်ဒုလ္လာဟ် ဗင်န် အုမရ် ဗင်န် ခသ်သွာဗ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီး ငါးခုအပေါ်တွင် ဆောက်တည်ထားသည်။ (၁)အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းကိုခံထိုက်တော်မူသော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ (၂)ဆွလာသ်ဆောက်တည်ခြင်း၊ (၃)ဇကာသ် ပေးဆောင်ခြင်း၊ (၄)ဟဂ်ျပြုခြင်း၊ (၅)ရမဿွာန်လ၏ ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်းတို့ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အဗ်ဒုလ္လာဟ်ဗင်န်အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ-(အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီး ငါးခုအပေါ်တွင် ဆောက်တည်ထားသည်။) ၎င်း၏အလိုသဘောမှာ မုချဧကန် အစ္စလာမ်သာသနာတော်သည် အဆောက်အဦးတစ်ခုနှင့် ပမာတူပြီး ထိုမဏ္ဍိုင်ကြီး ငါးခုသည် ထိုအဆောက်အဦးအား ခိုင်ခန့်အောင် ထောက်ပံ့ပေးထားသည့် တိုင်များနှင့် အုတ်မြစ်များသဖွယ် ဖြစ်ကြသည်။ ပထမမဏ္ဍိုင်မှာ "c2">“အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းကိုခံထိုက်တော်မူသော အရှင်မရှိကြောင်း သက်သေခံခြင်း” ဖြစ်ပြီး ၎င်း၏အလိုသဘောမှာ အလ္လာဟ်အရှင်မြတ်မှလွဲ၍ မှန်ကန်စစ်မှန်သော ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သောအရှင် အလျှင်းမရှိဟူ၍ဖြစ်သည်။ ဤစကားရပ်သည်‘သောင်ဟီးဒ်၏ စကားရပ်’ပင်ဖြစ်သည်။ ထိုသောင်ဟီးဒ် တရားတော် မပါရှိဘဲ အစ္စလာမ်လက်ခံခြင်း မှန်ကန်မည်မဟုတ်ပါ။ ၎င်းစကားရပ်ကို နှုတ်ဖြင့်ဝန်ခံထွက်ဆိုရန်၊ အဓိပ္ပါယ်ကိုသိနားလည်ရန်နှင့် ၎င်း၏ တောင်းဆိုချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးကြီးသည်။ "c2">“မုဟမ္မဒ် သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း” ထိုသက်သေခံခြင်းက တောင်းဆိုထားသည့် အချက်များမှာ ကျွန်တော်တို့သည် တမန်တော်မြတ်ထံမှတဆင့် မှန်ကန်သည့် ‘စနဒ်’ ကွင်းဆက်များဖြင့် လာရှိထားသော ကိုယ်တော်မြတ် အသိပေးခဲ့သည့်အရာတိုင်းကို မှန်ကန်ကြောင်းထောက်ခံရမည်။ကိုယ်တော်မြတ် အမိန့်ပေးခဲ့သည့် အရာများကိုလိုက်နာကျင့်သုံးပြီး တားမြစ်ခဲ့သည့် အရာများကိုရှောင်ကြဉ်ရမည်။ ကိုယ်တော်မြတ်၏ ‘ရှရီအဟ်’တရားလမ်းစဉ်အတိုင်းသာ အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ရမည် စသည်တို့ဖြစ်သည်။ဒုတိယမဏ္ဍိုင်မှာ "c2">“ဆွလာသ်ဆောက်တည်ခြင်း”ဖြစ်သည်။ ဆွလာသ်သည် အစ္စလာမ့်မဏ္ဍိုင်ကြီးများအနက် သက်သေခံခြင်းနှစ်ခု၏ နောက်တွင်အရေးပါဆုံး မဏ္ဍိုင်ဖြစ်သည်။ နေ့နှင့်ညတွင် ဆွလာသ် ငါးကြိမ်ဆောက်တည်ရသည်။ ထို့ကြောင့် ဆွလာသ်သည် ကျွန်နှင့် ၎င်း၏အရှင်မြတ်ကြား၌ ခိုင်မာသည့် ဆက်သွယ်မှုတစ်ရပ်ဖြစ်သည်။ ဆွလာသ်ဆောက်တည်ခြင်းဆိုသည်မှာ ဆွလာသ်ကို စွဲစွဲမြဲမြဲ ဆောက်တည်ခြင်းကို ဆိုလိုသည်။ တတိယမဏ္ဍိုင်မှာ "c2">“ဇကာသ်ပေးဆောင်ခြင်း” ဖြစ်သည်။ ဇကာသ်ဟူသည် ငွေကြေး၊ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှု တနှစ်ပြည့်သည့် အခါတွင်ဖြစ်စေ၊ သစ်သီးများပေါ်၍ ရင့်မှည့်လာသည့်အခါတွင်ဖြစ်စေ တစ်နှစ်လျှင် တစ်ကြိမ် ဥစ္စာပစ္စည်းဖြင့် ပြုလုပ်ရသော ခဝပ်ကိုးကွယ်မှုဖြစ်သည်။ ဇကာသ်၏ အကျိုးဖြစ်ထွန်းမှုသည် အများအပြားရှိသည့်အတွက် ဆွလာသ်၏နောက် ဟဂ်ျနှင့် ဆွိယာမ်ဥပုသ်ထက် အလျင်ဖော်ပြထားခြင်းဖြစ်သည်။ စတုတ္ထမဏ္ဍိုင်မှာ မွန်မြတ်လှသော အလ္လာဟ်အရှင်မြတ်၏ အိမ်တော်အား "c2">“ဟဂ်ျပြုခြင်းဖြစ်သည်။”ဟဂျ်သည် ခန္ဓာကိုယ်ဖြင့် ပြုလုပ်ရသော ခဝပ်ကိုးကွယ်မှုဖြစ်သည်။အဘယ်ကြောင့်ဆိုသော် လူသားသည် ဟဂ်ျအား မိမိကိုယ်တိုင်ပြုလုပ်ရသည်။ မိမိကိုယ်တိုင် ဟဂျ်မပြုနိုင်ကြောင်း တရားတော်၏ သတ်မှတ်ချက်များနှင့်ကိုက်ညီသူသည် အခြားသူအား မိမိကိုယ်စား ဟဂ်ျပြုခိုင်းခွင့်ရှိသည်။ ဟဂ်ျသည် ဥစ္စာပစ္စည်းဖြင့်ပြုလုပ်ရသော ခဝပ်ကိုးကွယ်မှုလည်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဟဂ်ျပြုရန် ငွေကြေးနှင့်ခရီးစရိတ်တို့ လိုအပ်သည်။ ပဉ္စမမဏ္ဍိုင်မှာ "c2">“ရမဿွန်လ၏ ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်း” ဖြစ်သည်။ဆွိယာမ်သည်ခန္ဓာကိုယ်ဖြင့်ပြုလုပ်ရသည့် ခဝပ်ကိုးကွယ်မှုဖြစ်ပြီး အခြားတစ်စုံတရာနှင့် ပတ်သက်မှုမရှိပေ။ ဆွိယာမ် စောင့်ထိန်းခြင်းဆိုသည်မှာ ရည်စူးချက်နှင့်တကွ ဆွိယာမ် ဥပုသ်ပျက်စေသောကိစ္စများကို စွန့်လွှတ်ခြင်းဖြစ်သည်။ တစ်နှစ်လျှင် တစ်လ ဆွိယာမ်ဥပုသ်ဆောင့်ထိန်းရန်တာဝန်ရှိသည်။၎င်းမှာ ရမဿွန်လမြတ်ပင်ဖြစ်သည်။ ပထမမဏ္ဍိုင်နှင့် ဒုတိယမဏ္ဍိုင်ဖြစ်သည့် ဆွလာသ်တို့ မပါရှိပါက အစ္စလာမ်သည် မှန်ကန်လိမ့်မည်မဟုတ်ပါ။ ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ လူတစ်ဦးနှင့် ရှိရ်က်(ယှဉ်တွဲကိုးကွယ်ခြင်း)၊ ကုဖ်ရ်(အစ္စလာမ့် ဘောင်အပြင်သို့ရောက်ခြင်း) ကြား၌ ဆွလာသ် စွန့်လွှတ်ခြင်းသာ ခြားထားသည်။ (မွတ်စ်လင်မ်ကျမ်း) ဟဒီးဆ်တော်၏ အလိုသဘောအား ၎င်း၏ ပေါ်လွင်ထင်ရှားနေသည့်အဓိပ္ပါယ် အတိုင်းသာ ကောက်ယူရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဏ္ဍတွင် ၎င်းနှင့် ဆန့်ကျင်ဘက် အတည်ပြုထားသော အမိန့်ဟူ၍မရှိပေ။ သို့သော် အခြားတဖက်တွင် ၎င်းနှင့် ဆန့်ကျင်ဘက် ကောက်နုတ်ချက်များရှိနေသော်လည်း စလဖ်(ရှေးပညာရှင်)တို့၏ နားလည်သဘောပေါက်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဆွလာသ် စွန့်လွှတ်သူသည်ကာဖိရ်ဖြစ်ကြောင်း ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟွမ်)တို့ တညီတညွတ်တည်း အတည်ပြုထားကြသည်။ အဗ်ဒုလ္လာဟ်ဗင်န်ရှကီးက် အလ်အုကိုင်လီက ပြောသည်မှာ တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အဆွ်ဟာဗ်တော်တို့သည် ဆွလာသ်မှအပ ကျန်မည်သည့် အမလ်ကျင့်ဆောင်မှုကိုမျှ စွန့်လွတ်ခြင်းကြောင့် ကာဖိရ်ဖြစ်သွားသည်ဟု မမှတ်ယူခဲ့ကြပေ။ (အိမာမ်သိရ်မိဇီက မိမိ၏ဂျာမေအ်ကျမ်း၌လည်းကောင်း၊ အိမာမ်မရ်ဝဇီက သအ်ဇွီးမုကဒ်ရိစ်ဆွလာသ်ကျမ်း၌လည်းကောင်း အသီးသီးဆင့်ပြန်ထားကြသည်။) အကြင်သူသည် ကျန်မဏ္ဍိုင်ကြီး သုံးခုအားအကြောင်းမဲ့ စွန့်လွှတ်ပါက ထိုသူ၏အစ္စလာမ်သည် ပြည့်စုံမည်မဟုတ်ဘဲ ၎င်းသည်အလွန်ပင် ဆိုးရွားသည့် လမ်းမှားမှုနှင့် အလွန်ပြင်းထန်သည့် အန္တရာယ်၌ ကျရောက်နေမည်ဖြစ်သည်။ သို့သော် ရှရီအသ်တရားတော်၏ အခြားသော အထောက်ထားများအရ ၎င်းတို့အား စွန့်လွှတ်ခြင်းကြောင့် ကာဖိရ်ဟုမသတ်မှတ်ပေ။

ဘာသာပြန်: အင်္ဂလိပ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ရုရှား ဘင်္ဂလီ ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စကားအစတွင် ကိန်းဂဏန်းများဖြင့် အစချီခြင်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏လမ်းစဉ်ပင်ဖြစ်သည်။ ထိုသို့အစချီခြင်းဖြင့် နားထောင်နေသူအား ရေတွက်ပြမည့် အရာများကို သေချာနားလည်စေရန်နှင့် သိချင်စိတ်ဖြစ်ပေါ်လာစေရန် တွန်းအားပေးပြီး ၎င်း၏စိတ်ထဲ၌ ထိုအကြောင်းအရာများကို သိလိုစိတ်၊ မှတ်သားနာယူလိုစိတ် ဖြစ်ပေါ်စေသည်။ အကယ်၍ ထိုအကြောင်းရာများအနက် အချက်တစ်ချက် လွတ်သွားလျှင်လည်း ၎င်းသည် ထိုအချက်ကို သိအောင်ကြိုးစားမည်ပင်ဖြစ်သည်။
  2. သက်သေခံခြင်းနှစ်ခုအား အတူတွဲ၍ သက်သေခံရန်အရေးကြီးသည်။ အကယ်၍ ထိုနှစ်ခုအနက် တစ်ခုလျော့သွားလျှင် သက်သေခံသူအား မည်သို့မျှအကျိုးပေးနိုင်မည်မဟုတ်ပါ။
  3. သက်သေခံခြင်းနှစ်ခုသည် ၎င်းတို့ပင်ကို၌ပင် အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ အခြားမဏ္ဍိုင်များနှင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရန် ကျင့်ဆောင်သော အမလ်ကောင်းမှုတိုင်းအတွက် အခြေခံအုတ်မြစ်လည်းဖြစ်သည်။ အကယ်၍ အမလ်ကျင့်ဆောင်မှုတိုင်းသည် သက်သေခံခြင်းနှစ်ခု အပေါ် တည်ဆောက်ထားခြင်းမရှိပါက ထိုအမလ်ကျင့်ဆောင်မှုသည် ပြုလုပ်သူထံ ပြန်လည်အပ်နှင်းခြင်းခံရမည်ဖြစ်ပြီး လက်ခံသဘောတူခြင်းခံရမည်မဟုတ်ပေ။ ထို့အပြင် ထိုအမလ်အား ကျင့်ဆောင်သူသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် မည်သည့်အကျိုးမျှ ခံစားခွင့်ရမည်မဟုတ်ပေ။
  4. သက်သေခံခြင်းနှစ်ခု၌ သာသနာတော်တရပ်လုံး၏ အပြင်ပိုင်းဆိုင်ရာ အမလ်ကျင့်ဆောင်မှုများနှင့် အတွင်းပိုင်းဆိုင်ရာ အမလ်ကျင့်ဆောင်မှုများ အားလုံးပါဝင်သည်။
  5. ပထမ အရေးအကြီးဆုံး အကြောင်းအရာဖြင့်အစပြု၍ ထို့နောက် ဒုတိယ အရေးအကြီးသောအကြောင်းအရာ စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တင်ပြရန်ညွှန်ပြထားသည်။
  6. ဆွလာသ်အား မှန်ကန်သောပုံစံဖြင့် ဆောက်တည်ရန် အရေးကြီးကြောင်းတင်ပြထားသည်။
  7. ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်း၊ ဇကာသ်ပေးခြင်း၊ ဟဂ်ျပြုလုပ်ခြင်းတို့၏ အရေးကြီးပုံကို တင်ပြထားသည်။ မည်သူမဆို ထိုကဏ္ဍများအနက် တစ်စုံတစ်ရာလျော့နည်းသွားပါက ၎င်း၏ သာသနာရေးသည်လည်း လျော့နည်းသွားမည်ဖြစ်သည်။
  8. ဤဟဒီးဆ်တော်သည် သာသနာတော်အား နားလည်သဘောပေါက်ရန်အတွက် ကြီးကျယ်လှသည့် အခြေခံအုတ်မြစ်ဖြစ်ပြီး ဤဟဒီးဆ်ပေါ်တွင် သာသနာတော်တစ်ရပ်လုံး ရပ်တည်နေကာ သာသနာ့မဏ္ဍိုင်များ အားလုံးကို စုစည်းတင်ပြထားသည်။
  9. ဤဖရ်ဿ်ွ တာဝန်ငါးခုသည် တစ်ဦးခြင်းပေါ်တွင် တာဝန်ရှိသော ဖရ်ဿ်ွတာဝန်များဖြစ်သည်။ ထို့ကြောင့် ၎င်းတာဝန်များကို လူအချို့က ကျေပွန်လိုက်ခြင်းဖြင့် အခြားသူများတာဝန်မှ လွတ်ကင်းသွားမည်မဟုတ်ပေ။
အမျိုးအစားများ
ထပ်၍