အမျိုးအစား:
عَنْ أَبِي وَاقِدٍ اللَّيْثِيِّ رضي الله عنه:

أَنَّ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ لَمَّا خَرَجَ إِلَى حُنَيْنٍ مَرَّ بِشَجَرَةٍ لِلْمُشْرِكِينَ يُقَالُ لَهَا: ذَاتُ أَنْوَاطٍ يُعَلِّقُونَ عَلَيْهَا أَسْلِحَتَهُمْ، فَقَالُوا: يَا رَسُولَ اللهِ، اجْعَلْ لَنَا ذَاتَ أَنْوَاطٍ كَمَا لَهُمْ ذَاتُ أَنْوَاطٍ، فَقَالَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: «سُبْحَانَ اللهِ! هَذَا كَمَا قَالَ قَوْمُ مُوسَى {اجْعَلْ لَنَا إِلَهًا كَمَا لَهُمْ آلِهَةٌ} [الأعراف: 138] وَالَّذِي نَفْسِي بِيَدِهِ لَتَرْكَبُنَّ سُنَّةَ مَنْ كَانَ قَبْلَكُمْ».
[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي: 2180]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဝါကိဒ် အတ်လိုင်စီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟိုနိုင်းသို့ ထွက်ခွါတော်မူစဉ်၊ 'ဇာသု-အန်ဝါသ်' ဟုခေါ်သော မုရှ်ရိက်များ၏ သစ်ပင်တစ်ပင်ကို ဖြတ်သွားခဲ့သည်။ ၎င်းတို့သည် ထိုသစ်ပင်တွင် ၎င်းတို့၏ လက်နက်များကို ချိတ်ဆွဲထားကြသည်။ ထိုအခါ ဆွဟာဗဟ်များက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် သူတို့၌ 'ဇာသု-အန်ဝါသ်' ရှိသကဲ့သို့ ကျွန်တော်မျိုးတို့အတွက်လည်း 'ဇာသု-အန်ဝါသ်' တစ်ခုကို သတ်မှတ်ပေးတော်မူပါ" ဟု ပြောဆိုကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က "စွဗ်ဟာနလ္လာဟ် (အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူပါ၏)၊ ဤသည်ကား တမန်တော်မူစာ၏ အမျိုးသားတို့က "သူတို့အတွက် ကိုးကွယ်ရာများရှိသကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း ကိုးကွယ်ရာတစ်ခုကို ပြုလုပ်ပေးပါ" (ကုရ်အာန်၊ ၇း၁၃၈) ဟု ပြောဆိုခဲ့ကြသည့် စကားနှင့် ဆင်တူလှပေသည်။ ငါကိုယ်တော်၏အသက်ကို စိုးပိုင်တော်မူသော အရှင်၏ ကစမ်၊ အသင်တို့သည် မုချဧကန် အသင်တို့ထက်အလျင် ရှိခဲ့ကြသူ (ယဟူဒ်၊ နတ်စ်ွရာနီ) တို့၏ လမ်းစဉ်ကို လိုက်နာကြမည် ဖြစ်သည်။"

[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي - 2180]

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် သွာအိဖ်နှင့် မက္ကာမြို့ကြားရှိ ဟိုနိုင်ချိုင့်ဝှမ်းသို့ ချီတက်တော်မူစဉ်၊ မကြာမီက အစ္စလာမ်သာသနာသို့ ကူးပြောင်းဝင်ရောက်လာကြသည့် ဆွဟာဗဟ်အချို့လည်း ကိုယ်တော်နှင့်အတူ လိုက်ပါခဲ့ကြသည်။ ထို့‌နောက် သူတို့သည် မုရှ်ရိက်များက ဂုဏ်ပေးလေးစားပြီး ကောင်းချီးမင်္ဂလာရရှိရန်အတွက် သူတို့၏လက်နက်များကို ချိတ်ဆွဲထားသော 'ဇာသု-အန်ဝါသ်' ဟုခေါ်သည့် သစ်ပင်နားမှ ဖြတ်သန်းသွားကြသည်။ ထိုအခါ ၎င်းတို့က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား " မိမိတို့အတွက်လည်း ထိုကဲ့သို့ သစ်ပင်တစ်ပင် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုသစ်ပင်ပေါ်တွင် မိမိတို့၏ လက်နက်များကို ချိတ်ဆွဲကာ ကောင်းချီးမင်္ဂလာ (ဗရကသ်) ရယူလိုသောကြောင့်ဖြစ်သည်။" အမှန်မှာ ၎င်းတို့သည် ထိုသို့ပြုလုပ်ခြင်းကို ခွင့်ပြုထားသည့်အရာဟု ထင်မြင်ကာ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤမနှစ်မြို့ဖွယ်စကားကို ငြင်းပယ်ပြီး အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ စင်ကြယ်တော်မူကြောင်း ထုတ်ဖော်သည့်အနေဖြင့် "စွဗ်ဟာနလ္လာဟ်"ဟု ဆိုတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်က ဤပြောဆိုချက်သည် တမန်တော်မူစာ (အလိုင်းဟိစလာမ်)၏ အမျိုးသားတို့က တမန်တော်မူစာအား ပြောဆိုခဲ့သည့် "သူတို့အတွက် ကိုးကွယ်ရာများရှိသကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း ကိုးကွယ်ရာတစ်ခုကို ပြုလုပ်ပေးပါ" (ကုရ်အာန်၊ ၇း၁၃၈) ဟူသောပြောဆိုချက်နှင့် ဆင်တူကြောင်း ရှင်းပြတော်မူခဲ့သည်။ တမန်တော်မူစာ၏ အမျိုးသားများသည် ရုပ်တုများကို ကိုးကွယ်သူများကို မြင်တွေ့သောအခါ၊ ထိုမုရှ်ရိက်များတွင် ရုပ်တု၊ ဆင်းတုများ ရှိသကဲ့သို့ မိမိတို့အတွက်လည်း ရုပ်တု၊ဆင်းတုများ ရှိစေလိုကြောင်း တောင်းဆိုခဲ့ကြသည်။ ဤသည် မုရှ်ရိက်တို့၏ လမ်းစဉ် (သွရီကဟ်)ကို လိုက်နာခြင်းပင်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဤအွမ္မသ်သားများသည် ယဟူဒ်၊ နတ်စ်ွရာနီများ၏ လမ်းစဉ်ကို လိုက်နာပြီး၊ ၎င်းတို့လုပ်သကဲ့သို့ လိုက်လုပ်ကြလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည် ထိုကဲ့သို့သော အပြုအမူများမှ ရှောင်ကြဉ်ရန် သတိပေးသည့်အနေဖြင့် မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လူသားသည် တစ်ခါတစ်ရံ အရာတစ်ခုကို အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်စေသောအရာဟု ထင်မှတ်ကာ ကောင်းမြတ်သည့်အရာဟု ယူဆမိသော်လည်း၊ စစ်စစ် ထိုအရာသည် ၎င်းအား အလ္လာဟ်အရှင်မြတ်နှင့် ဝေးကွာစေသော အရာဖြစ်နေတတ်သည်။
  2. လူသားသည် သာသနာနှင့်စပ်လျဉ်း၍ မသင့်လျော်သော စကားပြောဆိုသည်ကို ကြားလျှင် သို့မဟုတ် တစ်စုံတစ်ခုနှင့်ပတ်သက်၍ အံ့ဩသွားလျှင်၊ "စွဗ်ဟာနလ္လာဟ်" သို့မဟုတ် "အလ္လာဟုအက္ကဗရ်"ဟု ပြောဆိုရမည်။
  3. သစ်ပင်များ၊ ကျောက်တုံးများ စသည်တို့မှ ဗရ်ကသ်မင်္ဂလာရယူခြင်းသည်လည်း ရှိရ်က် အမျိုးအစားထဲတွင် ပါဝင်သည်။ ဗရ်ကသ်မင်္ဂလာကို အလ္လာဟ်အရှင်မြတ်ထံမှသာ တောင်းခံရမည်။
  4. ရုပ်တုများကို ကိုးကွယ်ရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့ကို ကြည်ညိုလေးစားခြင်း၊ ၎င်းတို့နားတွင် နေထိုင်ခြင်းနှင့် ၎င်းတို့ထံမှ ဗရ်ကသ်မင်္ဂလာ ရယူခြင်းတို့ကြောင့် ဖြစ်သည်။
  5. ရှိရ်က်ဘက်သို့ ဦးတည်စေသော တံခါးပေါက်များနှင့် လမ်းကြောင်းများကို ပိတ်ဆို့ရန် လိုအပ်သည်။
  6. ယဟူးဒ်၊ နတ်စ်ွရာနီများကို ပြစ်တင်ရှုတ်ချထားသည့် ကုရ်အာန်၊ ဟဒီးဆ်ပါ အကြောင်းအရာများသည် ကျွန်ုပ်တို့အတွက် သတိပေးချက် တစ်ရပ်ဖြစ်သည်။
  7. ဂျာဟိလီယသ် (အမှောင်ခေတ်)တွင် ရှိခဲ့သောသူများ၊ ဂျူးနှင့် ခရစ်ယာန်တို့ကို တုပခြင်းမှ တားမြစ်ထားသည်။ သို့ရာတွင် (ကုရ်အာန်၊ ဟဒီးဆ်) အထောက်အထားများက အရာတစ်ခုသည် ကျွန်ုပ်တို့၏သာသနာတွင် ပါဝင်ကြောင်း ညွှန်ပြထားလျှင်မူ ထိုကိစ္စရပ်သည် ချွင်းချက်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
အမျိုးအစားများ
ထပ်၍