وَجِعَ أَبُو مُوسَى وَجَعًا شَدِيدًا، فَغُشِيَ عَلَيْهِ وَرَأْسُهُ فِي حَجْرِ امْرَأَةٍ مِنْ أَهْلِهِ، فَلَمْ يَسْتَطِعْ أَنْ يَرُدَّ عَلَيْهَا شَيْئًا، فَلَمَّا أَفَاقَ، قَالَ: أَنَا بَرِيءٌ مِمَّنْ بَرِئَ مِنْهُ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، إِنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بَرِئَ مِنَ الصَّالِقَةِ وَالحَالِقَةِ وَالشَّاقَّةِ. المزيد
အဗူဗုရ်ဒဟ် ဗင်န် အဗူမူဆာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အဘူမူဆာ (ရဿွိယလ္လာဟုအန်ဟု) သည် အလွန်အမင်း နာမကျန်းဖြစ်ခဲ့ကာ၊ သတိမေ့မြောသွားပြီး သူ၏ခေါင်းသည် မိသားစုဝင် အမျိုးသမီးတစ်ဦး၏ ရင်ခွင်၌ ရှိနေခဲ့သည်။ (ထိုအမျိုးသမီးက အော်ဟစ်ငိုကြွေးလေရာ) အဘူမူဆာ (ရဿွိယလ္လာဟုအန်ဟု) သည် သူမအားမည်သို့မျှ တားမြစ်နိုင်စွမ်းမရှိခဲ့ပေ။ ၎င်းသည် သတိပြန်ရလာသောအခါ ဤသို့ ပြောဆိုခဲ့သည် - "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိနှင့် မသက်ဆိုင်ကြောင်း ထုတ်ဖော်ခဲ့သူနှင့် ကျွန်ုပ်နှင့်လည်း မည်သို့မျှမသက်ဆိုင်ပါ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်
(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဒုက္ခနှင့် ကြုံတွေ့ရချိန်)အော်ဟစ်ငိုကြွေးသည့် အမျိုးသမီး၊ ဆံပင် ရိတ်ပစ်သည့် အမျိုးသမီး၊ အဝတ်ကို ဆုတ်ဖြဲပစ်သည့်အမျိုးသမီးတို့နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ထုတ်ဖော်တော်မူခဲ့သည်။