«مَنْ عَالَ جَارِيَتَيْنِ حَتَّى تَبْلُغَا جَاءَ يَوْمَ الْقِيَامَةِ أَنَا وَهُوَ» وَضَمَّ أَصَابِعَهُ. المزيد
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
“အကြင်သူသည် မိန်းကလေးနှစ်ဦးအား သူတို့အရွယ်ရောက်ကြီးပြင်းလာသည်အထိ တာဝန်ယူထိန်းကျောင်းစောင့်ရှောက်ခဲ့လျှင်၊ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် ငါကိုယ်တော်နှင့် သူသည် ဤကဲ့သို့ ရောက်ရှိလာမည်” ဟု မိန့်တော်မူပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိ၏
လက်ချောင်းများကို စုစည်းပြသတော်မူခဲ့သည်။