قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «إِنَّ اللَّهَ قَالَ: مَنْ عَادَى لِي وَلِيًّا فَقَدْ آذَنْتُهُ بِالحَرْبِ، وَمَا تَقَرَّبَ إِلَيَّ عَبْدِي بِشَيْءٍ أَحَبَّ إِلَيَّ مِمَّا افْتَرَضْتُ عَلَيْهِ، وَمَا يَزَالُ عَبْدِي يَتَقَرَّبُ إِلَيَّ بِالنَّوَافِلِ حَتَّى أُحِبَّهُ، فَإِذَا أَحْبَبْتُهُ: كُنْتُ سَمْعَهُ الَّذِي يَسْمَعُ بِهِ، وَبَصَرَهُ الَّذِي يُبْصِرُ بِهِ، وَيَدَهُ الَّتِي يَبْطِشُ بِهَا، وَرِجْلَهُ الَّتِي يَمْشِي بِهَا، وَإِنْ سَأَلَنِي لَأُعْطِيَنَّهُ، وَلَئِنِ اسْتَعَاذَنِي لَأُعِيذَنَّهُ، وَمَا تَرَدَّدْتُ عَنْ شَيْءٍ أَنَا فَاعِلُهُ تَرَدُّدِي عَنْ نَفْسِ المُؤْمِنِ، يَكْرَهُ المَوْتَ وَأَنَا أَكْرَهُ مَسَاءَتَهُ». المزيد
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ “မည်သူမဆို ငါအရှင်မြတ်၏အချစ်တော်ကို ရန်ငြိုးထားပါက ငါအရှင်မြတ်သည် သူ့အား စစ်ကြေညာတော်မူသည်။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်က သူ့အပေါ်ပြဋ္ဌာန်းထားသည့် ဖရ်ဿွ်တာဝန်များအားလုပ်ဆောင်၍ငါအရှင်နှင့်နီးကပ်မှုရယူခြင်းထက် ငါအရှင်ပိုနှစ်သက်သည့်တခြားအရာဖြင့် ငါအရှင်မြတ်ထံတော်ပါး၌ နီးကပ်မှု မရရှိနိုင်ပေ။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်သူ့အား ချစ်ခင်နှစ်သက်သွားသည့်အထိ နဖိလ်အိဗာဒသ်များဖြင့် ငါအရှင်မြတ်နှင့်နီးကပ်မှုရယူသည်။ ငါအရှင်မြတ် သူ့ကို ချစ်ခင်နှစ်သက်ပြီဆိုပါက ငါအရှင်မြတ်သည် သူနားထောင်သည့်နားဖြစ်သွားသည်။ သူကြည့်သောမျက်စိဖြစ်သွားသည်။ သူကိုင်သည့်လက် ဖြစ်သွားသည်။ သူလျှောက်လှမ်းသည့် ခြေထောက်ဖြစ်သွားသည်။ အကယ်၍သူသည် ငါအရှင်မြတ်ထံမှာ တောင်းခံမည်ဆိုပါက ငါအရှင်မြတ်သည် သူ့ကိုအမှန်တကယ်ပေးတော်မူမည်။ အကယ်၍ သူသည် ငါအရှင်မြတ်ထံတော်တွင် ခိုလှုံခွင့်တောင်းခံမည်ဆိုပါက ငါအရှင်မြတ်သည် သူ့အား အမှန်တကယ် ခိုလှုံခွင့်ပေးမည်ဖြစ်သည်။ (တဖက်တွင်)မုအ်မင်န်သည် သေချင်းတရားကို မနှစ်မြို့(အခြားတဖက်တွင်)ငါအရှင်မြတ်သည် သူ့အားဒုက္ခဖြစ်စေခြင်းကို မနှစ်မြို့ပေ။ (သို့ရှိရာ ငါအရှင်မြတ်သည် သူမနှစ်သက်သည့် သေချင်းတရားကို ဆုံးဖြတ်ပေးခြင်းနှင့် အသက်နှုတ်ခြင်းကြောင့်သူခံစားရမည့် ဒုက္ခကိုဆုံးဖြတ်ပေးခြင်းဟူသော အချက်နှစ်ချက်အားရွေးချယ်ရန်) ချီတုံချတုံဖြစ်သလိုမျိုး ငါအရှင်ဆောင်ရွက်သည့်အခြားကိစ္စရပ်များတွင် ချီတုံချတုံမဖြစ်ပေ။