အမျိုးအစား: . . . .
عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم:

«‌إِنَّ ‌أَثْقَلَ صَلَاةٍ عَلَى الْمُنَافِقِينَ صَلَاةُ الْعِشَاءِ وَصَلَاةُ الْفَجْرِ، وَلَوْ يَعْلَمُونَ مَا فِيهِمَا لَأَتَوْهُمَا وَلَوْ حَبْوًا، وَلَقَدْ هَمَمْتُ أَنْ آمُرَ بِالصَّلَاةِ فَتُقَامَ، ثُمَّ آمُرَ رَجُلًا فَيُصَلِّيَ بِالنَّاسِ، ثُمَّ أَنْطَلِقَ مَعِي بِرِجَالٍ مَعَهُمْ حُزَمٌ مِنْ حَطَبٍ إِلَى قَوْمٍ لَا يَشْهَدُونَ الصَّلَاةَ، فَأُحَرِّقَ عَلَيْهِمْ بُيُوتَهُمْ بِالنَّارِ».
[صحيح] - [متفق عليه] - [صحيح مسلم: 651]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မုနာဖိက် (အရေခြုံမွတ်စလင်မ်) တို့အပေါ်တွင် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်သည် အလေးလံဆုံး ဆွလာသ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်၏ အကျိုးကုသိုလ်အား သိရှိကြလျှင် (လမ်းမလျှောက်နိုင်သဖြင့်) လေးဖက်ထောက်လာရမည်ဆိုလျှင်လည်း မုချလာကြလိမ့်မည်။ အမှန်တကယ်ပင် ငါကိုယ်တော်သည် ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးတော်မူမည်။ အိကာမသ်ဆိုပြီးသည့်အခါ လူတို့အားဦးဆောင် ဆွလာသ်ဆောက်တည်ရန် ပုဂ္ဂိုလ်တစ်ဦးအား အမိန့်ပေးတော်မူမည်။ ထို့နောက် ငါကိုယ်တော်သည် ထင်းစီးများပါရှိသော လူတို့နှင့်အတူ(ဂျမာအသ်ဖြင့်)ဆွလာသ်ဆောက်တည်ရန် မလာကြသူများထံသွားပြီး ၎င်းတို့နှင့်အိမ်ကိုပါ မီးရှို့ပစ်ရန် ဆန္ဒရှိတော်မူသည်။

الملاحظة
فصل الصلوات عن كلمة "النبي"
النص المقترح لا يوجد...
الملاحظة
في كتاب الحديث الخاص بالصف الأول ثانوي يوجد نصف الحديث فقط
النص المقترح عن أبي هريرة رضي الله عنه عن النبي صلى الله عليه وسلم قال: «أَثقَل الصَّلاةِ على المُنَافِقِين: صَلاَة العِشَاء، وصَلاَة الفَجر، وَلَو يَعلَمُون مَا فِيها لَأَتَوهُمَا وَلَو حَبْوُ

[صحيح] - [متفق عليه] - [صحيح مسلم - 651]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုနာဖိက် (အရေခြုံမွတ်စ်လင်မ်)များနှင့် ပတ်သက်၍ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့သည် ဆွလာသ်ဆောက်တည်ရန်အတွက် လာရောက်ရန် ပျင်းရိကြသည်။ အထူးသဖြင့် အိရှာနှင့် ဖဂျရ် ဆွလာသ်နှစ်ကြိမ်ကို ပို၍ပျင်းရိကြသည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်ကို မွတ်စ်လင်မ်တို့၏ ဂျမာအသ်နှင့်အတူ ဆောက်တည်ခြင်း၏ အကျိုးကုသိုလ်အား သိရှိခဲ့ကြလျှင်(လမ်းမလျှောက်နိုင်လျှင်လည်း) ကလေးကဲ့သို့ လက်နှင့်ဒူခေါင်းတို့ဖြင့် လေးဖက်ထောက်ကာ လာရလျှင်လည်း မုချလာကြမည်ဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးတော်မူပြီး အိကာမသ်ဆိုပြီးသည့်အခါ ပုဂ္ဂိုလ်တစ်ဦးအားမိမိကိုယ်စား လူတို့အား အိမာန်ရှေ့ဆောင်ပြုရန်အမိန့်ပေးတော်မူမည်။ ထို့နောက်ကိုယ်တော်သည် ထင်းစီးများ သယ်ထားကြသောလူတို့နှင့်အတူ ဂျမာအသ်ဖြင့် ဆွလာသ်ဆောက်တည်မှုတွင် မပါဝင်ကြသူများထံ သွားကာ ၎င်းတို့ကျူးလွန်လိုက်သည့် ပြင်းထန်သည့်အပြစ်ကြောင့် ၎င်းတို့နှင့် နေအိမ်များကိုပါ မီးရှို့ပစ်ရန် ဆန္ဒရှိတော်မူခဲ့သည်။ သို့သော် ကိုယ်တော်သည် ဤအတိုင်း လက်တွေ့အပြစ်မပေးခဲ့ခြင်းမှာ ထိုအိမ်များတွင် အပြစ်ကင်းသည့် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် တရားတော်၏ ခွင့်ပြုချက်ကြောင့် မလာရောက်နိုင်သူများရှိနေပြီး ၎င်းတို့သည် အပြစ်မရှိသည့် အတွက်ကြောင့်ဖြစ်သည်။

الملاحظة
Удалите фразу: "словно ребенок"
النص المقترح لا يوجد...
الملاحظة
Удалите фразу: "словно ребенок"
النص المقترح لا يوجد...

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဗလီဝတ်ကျောင်းတော်တွင် ဂျမာအသ်ဖြင့် ဆွလာသ်မဆောက်တည်ခြင်း၏ ဆိုးကျိုးကို ဖော်ပြထားသည်။
  2. မုနာဖိက်တို့သည် ၎င်းတို့၏ခဝပ်ကိုးကွယ်မှုအား ပြစားရန်နှင့် ကျော်ကြားရန်အတွက်သာ ပြုလုပ်ကြသည်။ ၎င်းတို့သည် လူများမြင်တွေ့သည့်အချိန်တွင်သာ ဆွလာသ်ဆောက်တည်ရန် လာကြသည်။
  3. အိရှာနှင့် ဖဂျရ် ဆွလာသ်နှစ်ကြိမ်အား ဂျမာအသ်ဖြင့် ဆောက်တည်ခြင်း၏ အကျိုးကုသိုလ်မှာ ကြီးကျယ်မားလှသည်။ ထိုဆွလာသ်နှစ်ကြိမ်အတွက် လေးဖက်ထောက်လာရလျှင်လည်း လာရောက်ရန် ထိုက်တန်ပေသည်။
  4. အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်ကို စွဲမြဲစွာဝတ်ပြုသူများသည် နိဖာက် အရေခြုံမှုမှ လွတ်ကင်းမည်ဖြစ်သည်။ ထိုဆွလာသ်နှစ်ကြိမ်မှ နောက်ချန်နေခြင်းသည် မုနာဖိက် အရေခြုံမွတ်စလင်မ်၏ လက္ခဏာများတွင် ပါဝင်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (60)
အမျိုးအစားများ
  • . . .
ထပ်၍