«إِذَا تَوَضَّأَ أَحَدُكُمْ فَلْيَجْعَلْ فِي أَنْفِهِ ثُمَّ لِيَنْثُرْ، وَمَنِ اسْتَجْمَرَ فَلْيُوتِرْ، وَإِذَا اسْتَيْقَظَ أَحَدُكُمْ مِنْ نَوْمِهِ فَلْيَغْسِلْ يَدَهُ قَبْلَ أَنْ يُدْخِلَهَا فِي وَضُوئِهِ، فَإِنَّ أَحَدَكُمْ لاَ يَدْرِي أَيْنَ بَاتَتْ يَدُهُ». ولفظ مسلم: «إِذَا اسْتَيْقَظَ أَحَدُكُمْ مِنْ نَوْمِهِ فَلَا يَغْمِسْ يَدَهُ فِي الْإِنَاءِ حَتَّى يَغْسِلَهَا ثَلَاثًا، فَإِنَّهُ لَا يَدْرِي أَيْنَ بَاتَتْ يَدُهُ». المزيد
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူပြုလုပ်သည့်အခါ မိမိနှာခေါင်းထဲသို့ ရေထည့်ပြီး ညှစ်ထုတ်ကာသန့်စင်မှုပြုပါ။ အပေါ့၊ အလေး သွားပြီး ကျောက်ခဲဖြင့် သန့်စင်မှုပြုသည့်အခါ မဂဏန်း အရေအတွက်ကို အသုံးပြုပါ။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်ရာမှနိုးလာသည့်အခါ ဝုဿွူရေထဲသို့ လက်နှစ်ဖက်ကို မထည့်မီအလျင် သုံးကြိမ်ဆေး ကြောပါ။ အိပ်နေချိန်၌ မိမိလက်သည် မည်သည့်နေရာတွင် ရှိခဲ့သည်ကို အသင်တို့အနက် မည်သူမျှပင် မသိနိုင်ကြချေ။ မွတ်စ်လင်မ်ကျမ်းလာ စာသားတွင် အသင်တိုအနက်တစ်ဦးတစ်ယောက်သည် အိပ်ရာမှနိုးလာသည့်အခါ မိမိ၏လက်ကို သုံးကြိမ်သုံးခါ မဆေးကြောဘဲ အိုး၊ ခွက်ထဲသို မထည့်ပါနှင့်။ ၎င်းအနေဖြင့် အိပ်နေချိန်၌ မိမိလက်သည် မည်သည့်နေရာတွင် ရှိခဲ့သည်ကို မသိနိုင်သည့်အတွက်ဖြစ်သည်။