عَنْ أَبِي أُمَامَةَ الْبَاهِلِيِّ رضي الله عنه قَالَ:
جَاءَ رَجُلٌ إِلَى النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: أَرَأَيْتَ رَجُلًا غَزَا يَلْتَمِسُ الْأَجْرَ وَالذِّكْرَ، مَا لَهُ؟ فَقَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «لَا شَيْءَ لَهُ» فَأَعَادَهَا ثَلَاثَ مَرَّاتٍ، يَقُولُ لَهُ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «لَا شَيْءَ لَهُ» ثُمَّ قَالَ: «إِنَّ اللَّهَ لَا يَقْبَلُ مِنَ الْعَمَلِ إِلَّا مَا كَانَ لَهُ خَالِصًا، وَابْتُغِيَ بِهِ وَجْهُهُ»
المزيد
အဘူအုမာမဟ် အလ်ဗာဟိလီ ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး " ကိုယ်တော် ဤသို့သောသူနှင့်ပတ်သတ်၍ အဘယ်သို့ မိန့်ကြားတော်မူပါနည်း။ ထိုသူသည် ဂျိဟာဒ်စစ်ပွဲတွင် အကျိုးဆုလာဘ်နှင့် ကျော်ကြားမှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပါဝင်ခဲ့သည်။ ထိုသူ့အဖို့ မည်သည့်အကျိုးဆုလာဘ် ရှိမည်နည်း။"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - "ထိုသူ့အဖို့ မည်သည့်အရာမျှ ရှိမည်မဟုတ်ပါ။" ထိုသူသည် ဤမေးခွန်းကိုပင် သုံးကြိမ်တိုင်တိုင် ထပ်တူထပ်မျှ ပြန်လည်မေးမြန်းခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကလည်း အကြိမ်တိုင်းတွင် "သူ့အဖို့ မည်သည့်အရာမျှ ရှိမည်မဟုတ်ပါ" ဟုပင် ဖြေကြားတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - "ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ စိတ်စေတနာစင်ကြယ်စွာသီးသန့်ပြုလုပ်ပြီး အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပြုမူကျင့်ကြံခဲ့သော အမလ်မှအပ အခြားသော အမလ်များကို လက်ခံတော်မူမည် မဟုတ်ပေ။