عن أنس رضي الله عنه أن النبي صلى الله عليه وسلم قال:
«جَاهِدُوا المشركين بأموالكم وأنفسكم وألسنتكم».
[صحيح] - [رواه أبو داود والنسائي وأحمد] - [سنن أبي داود: 2504]
المزيــد ...
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
"ကာဖိရ် သွေဖည်ငြင်းဆန်သူတို့အား သင်တို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ သင်တို့၏ အသက်များဖြင့်လည်းကောင်း၊ သင်တို့၏ နှုတ်လျှာများဖြင့်လည်းကောင်း ဂျိဟာဒ် ပြုကြလော့။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والنسائي وأحمد] - [سنن أبي داود - 2504]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကာဖိရ်တို့အား ဂျိဟာဒ်ပြုရန်နှင့် အလ္လာဟ်အရှင်မြတ်၏ စကားတော် မြင့်မားစေရန် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ရင်ဆိုင်တိုက်ခိုက်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထိုနည်းလမ်းများအနက် အချို့မှာ -
၁။ ၎င်းတို့အား တိုက်ခိုက်ရာတွင် ဥစ္စာပစ္စည်း သုံးစွဲခြင်း၊ (ဥပမာ-) လက်နက်များဝယ်ယူခြင်းနှင့် မုဂျာဟိဒ်များအတွက် သုံးစွဲခြင်း စသည်တို့ဖြစ်သည်။
၂။ မိမိ၏အသက်နှင့်ကိုယ်ခန္ဓာကို စွန့်၍ ၎င်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် ထွက်ခြင်း။
၃။ နှုတ်လျှာဖြင့် ၎င်းတို့အား ဤအစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်ခြင်း၊ (၎င်းတို့မငြင်းနိုင်အောင်) ၎င်းတို့အပေါ် သက်သေအထောက်အထားများပြသခြင်း၊ ၎င်းတို့ကို ခြိမ်းခြောက်ခြင်းနှင့် ၎င်းတို့၏ (စောဓကများအား) ပြန်လည်ဖြေကြားခြင်း တို့ဖြစ်သည်။