عَنِ النُّعْمَانِ بْنِ بَشِيرٍ رَضيَ اللهُ عنهُما:
أَنَّ أُمَّهُ بِنْتَ رَوَاحَةَ سَأَلَتْ أَبَاهُ بَعْضَ الْمَوْهِبَةِ مِنْ مَالِهِ لِابْنِهَا، فَالْتَوَى بِهَا سَنَةً ثُمَّ بَدَا لَهُ، فَقَالَتْ: لَا أَرْضَى حَتَّى تُشْهِدَ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَلَى مَا وَهَبْتَ لِابْنِي، فَأَخَذَ أَبِي بِيَدِي وَأَنَا يَوْمَئِذٍ غُلَامٌ، فَأَتَى رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: يَا رَسُولَ اللهِ، إِنَّ أُمَّ هَذَا بِنْتَ رَوَاحَةَ أَعْجَبَهَا أَنْ أُشْهِدَكَ عَلَى الَّذِي وَهَبْتُ لِابْنِهَا، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «يَا بَشِيرُ، أَلَكَ وَلَدٌ سِوَى هَذَا؟» قَالَ: نَعَمْ، فَقَالَ: «أَكُلَّهُمْ وَهَبْتَ لَهُ مِثْلَ هَذَا؟» قَالَ: لَا، قَالَ: «فَلَا تُشْهِدْنِي إِذن، فَإِنِّي لَا أَشْهَدُ عَلَى جَوْرٍ»، ولِمُسْلِمٍ: «فَأَشْهِدْ عَلَى هَذَا غَيْرِي».
المزيد
နုအ်မားန် ဗင်န် ဗရှီးရ်(ရဿွိယလ္လာဟု အန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။
၎င်း၏မိခင် ဗင်န်သေရဝါးဟဟ် (ရဝါးဟဟ်၏ သမီးဖြစ်သူ) သည် ၎င်း(နုအ်မားန်)၏ဖခင်အား သူမ၏သားအတွက် မိမိဥစ္စာပစ္စည်းတစ်စိတ်တစ်ဒေသကို လက်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ ထိုအခါ ဖခင်သည် တစ်နှစ်တိုင်တိုင် ဆိုင်းငံ့ထားပြီးနောက် စိတ်ပြောင်းလာသည်။ ထိုအခါ သူမ(နုအ်မားန်၏မိခင်)က ‘အသင် ကျွန်မ၏သားအား လက်ဆောင်အဖြစ်ပေးသော ဥစ္စာပစ္စည်းအပေါ် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား သက်သေမထားသရွေ့ကျွန်မကျေနပ်မည်မဟုတ်’ဟု ပြောဆိုခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်၏ဖခင်သည် ကျွန်ုပ်၏လက်ကိုဆွဲကိုင်၍(ထိုအချိန်က ကျွန်ုပ်သည် ကလေးအရွယ်သာရှိသေးသည်) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ သွားရောက်ခဲ့သည်။ထို့နောက် ၎င်း(နုအ်မားန်၏ဖခင်)က အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်- ဤကလေး၏မိခင် ဗင်န်သေရဝါးဟဟ်က သူမကလေးအား ကျွန်တော်မျိုး လက်ဆောင်အဖြစ်ပေးအပ်သော အရာအပေါ် ကျွန်တော်မျိုးသည် ကိုယ်တော့်အား သက်သေအဖြစ်ထားစေလိုပါသည်' ဟု လျှောက်တင်လေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်- 'အို ဘရှီးရ်... ဤကလေးမှအပ သင့်တွင် အခြားသားသမီးများရှိပါသလား' ဟု မေးတော်မူရာ၊ ၎င်းက 'ရှိပါသည်' ဟု ဖြေကြားသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က 'သူတို့အားလုံးကို ဤကလေးအား ပေးသကဲ့သို့ လက်ဆောင်ပေးခဲ့ပါသလား' ဟု မေးတော်မူရာ ၎င်းက 'မပေးခဲ့ပါ' ဟု ဖြေလေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ''သို့ဆိုလျှင် ငါကိုယ်တော်အား သက်သေအဖြစ်မထားလေနှင့်။ အဘယ်ကြောင့်ဆိုသော် ငါကိုယ်တော်သည် မတရားမှုအပေါ် သက်သေခံခြင်းမပြုပေ။'' ဟု မိန့်ကြားတော်မူ၏။ ဆွဟီးဟ်မွတ်စ်လင်မ်ကျမ်းတွင် လာရှိသည်မှာ ''သို့ဖြစ်၍ ဤအရာအတွက် ငါကိုယ်တော်မှတစ်ပါး အခြားတစ်ဦးဦးကို သက်သေထားလော့'' ဟု (မိန့်တော်မူသည်)''''