အမျိုးအစား:
عن علي رضي الله عنه عن النبي صلى الله عليه وسلم قال:

«رُفِعَ الْقَلَمُ عن ثلاثة: عن النائم حتى يَسْتَيْقِظَ، وعن الصبي حتى يَحْتَلِمَ، وعن المجنون حتى يَعْقِلَ».
[صحيح] - [رواه أبو داود والترمذي والنسائي في الكبرى وابن ماجه وأحمد] - [سنن أبي داود: 4403]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
သုံးဦးသောသူသည် အပြစ်အကုသိုလ်ရေးမှတ်ခြင်းမခံရပေ။ (၁)အိပ်ပျော်နေသူသည်အိပ်ရာမှနိုးလာသည်အထိ၊ (၂)အရွယ်မရောက်သေးသောသူသည်အရွယ်ရောက်လာသည်အထိ၊ (၃)ရူးသွပ်နေသူသည်အသိညဏ်ကောင်းလာသည်အထိဖြစ်သည်။

الملاحظة
رفع القلم لي ثلاث عن صبي حتى يبلغ وعن ناءم حتى يستيقظ وعن مجنون حتى يبرأ السلام عليكم
النص المقترح عن علي رضي الله عنه عن النبي صلى الله عليه وسلم قال:«رُفِعَ الْقَلَمُ عن ثلاثة: عن النائم حتى يَسْتَيْقِظَ، وعن الصبي حتى يَحْتَلِمَ، وعن المجنون حتى يَعْقِلَ».

[صحيح] - [رواه أبو داود والترمذي والنسائي في الكبرى وابن ماجه وأحمد] - [سنن أبي داود - 4403]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - လူသားများအဖို့ အမိန့်တော်များကိုလိုက်နာရန် တာဝန်ရှိသည်။ သို့ရာတွင် အောက်ပါ လူသုံးမျိုးမှအပ -
၁။ ကလေးငယ် - ၎င်းသည် ကြီးပြင်း ရင့်ကျက်လာသည်အထိ။
၂။အသိစိတ် ကင်းမဲ့သော စိတ်မနှံ့သူ - ၎င်းသည် အသိစိတ် ပြန်လည်ရရှိသည်အထိ။
၃။အိပ်ပျော်နေသူ - ၎င်းသည် နိုးလာသည်အထိ။
ဤလူသုံးမျိုးထံမှ (ရှရီအသ်အမိန့်ပညတ်ချက်များကိုလိုက်နာရမည့်) တာဝန်ကို ရုပ်သိမ်းထားပြီး၊ သူတို့ကျူးလွန်သော အပြစ်များကို မှတ်တမ်းတင်ခြင်းမပြုပါ။ သို့ရာတွင် အရွယ်မရောက်သေးသည့် ကလေးငယ်၏ ကောင်းမှုကုသိုလ်များကိုမူ သူ့အတွက် ရေးသားမှတ်တမ်းတင်ခြင်းခံရသည်။ စိတ်ရောဂါရှင်နှင့် အိပ်ပျော်နေသူတို့၏ (ကောင်းမှုကုသိုလ်များကိုမူ) ရေးသားမှတ်တမ်းတင်ခြင်းမခံရ‌ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသူနှစ်ဦးသည် ဉာဏ်သဘောနှင့် ဆင်ခြင်နိုင်စွမ်း မရှိသဖြင့် မှန်ကန်စွာ အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုနိုင်သည့် အခြေအနေတွင် မရှိသောကြောင့်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လူသား၏ (ရှရီအသ်တရားတော်၏) တာဝန်များကို ထမ်းဆောင်နိုင်စွမ်း ပျောက်ဆုံးခြင်းသည် အောက်ပါအကြောင်းတစ်ခုခုကြောင့် ဖြစ်နိုင်သည်- (၁)အိပ်ပျော်နေခြင်းကြောင့် သူ၏တာဝန်များကို ထမ်းဆောင်ရန် နိုးထနိုင်စွမ်း ဆုံးရှုံးရခြင်း၊
  2. (၂) အသက်ငယ်ရွယ်ခြင်းကြောင့် ထိုတာဝန်များကို ထမ်းဆောင်နိုင်စွမ်း မရှိခြင်း။
  3. (၃) သူ၏ဉာဏ်ရည်ကို ထိခိုက်စေသည့် စိတ်ရောဂါကြောင့် သို့မဟုတ် အလားတူအခြေအနေတစ်ခုဖြစ်သည့် အရက်သေစာသောက်စားခြင်းကဲ့သို့သော အကြောင်းတစ်ခုခုကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ခွဲခြားသိမြင်နိုင်စွမ်းနှင့် မှန်ကန်သောသိမြင်နားလည်နိုင်စွမ်း ကင်းမဲ့သွားပြီး၊ အထက်ဖော်ပြပါ အကြောင်းသုံးရပ်အနက်မှ တစ်ခုခုကြောင့် သူ၏တာဝန်ထမ်းဆောင်နိုင်စွမ်း ပျောက်ဆုံးသွားပါက၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏တရားမျှတမှု၊ သည်းခံမှုနှင့် ရက်ရောမှုတို့ကြောင့် ထိုသူ့ထံမှထွက် ‌ ပေါ်လာသော မိမိ၏
  4. အခွင့်အရေးနှင့်စပ်လျဉ်း၍ ကျူးလွန်ခဲ့သော စော်ကားမှု သို့မဟုတ် ပျက်ကွက်
  5. မှုအတွက် ထိုသူ့အား အရေးယူခြင်းမှ ရပ်ဆိုင်းထားတော်မူသည်။
  6. ဤသူများအပေါ် အပြစ်များမှတ်တမ်းတင်ခြင်း မပြုခြင်းသည် ၎င်းတို့အပေါ် တစ်ချို့သော လောကီနှင့်သက်ဆိုင်သည့်တရားဥပဒေများ သက်ရောက်မှုရှိခြင်းကို မဆန့်ကျင်ပါ။ ဥပမာအားဖြင့်၊ အကယ်၍ စိတ်ရောဂါရှင်တစ်ဦးသည် လူသတ်မှုကျူးလွန်ပါက၊ သူ့အား ကိစွားစ် (အစားယူသည့်အ‌နေဖြင့်ပြန်လည်သတ်ခြင်း) သို့မဟုတ် သူ့အပေါ်၌ ကဖ်ဖာရဟ်လျော်ကြေးပေးဆောင်စေရန် တာဝန်မရှိပါ။ သို့ရာတွင် သူ၏အနီးစပ်ဆုံး ဆွေမျိုးသားချင်းများမှ ဒီယသ် (သွေး‌လျော်ကြေး) ပေးဆောင်ရန် တာဝန်ရှိသည်။
  7. အရွယ်ရောက်ခြင်း၏ လက္ခဏာသုံးရပ်ရှိသည်-
  8. ၁။သုတ်ရည် ထွက်ခြင်း (အိပ်မက်
  9. မက်၍ သော်
  10. လည်းကောင်း၊ အခြားနည်းဖြင့်သော်လည်းကောင်း။)
  11. ၂။ဆီးခုံမွေး ပေါက်ခြင်း။
  12. ၃။အသက် ၁၅ နှစ် ပြည့်ခြင်း။ အမျိုးသမီးများအတွက် စတုတ္ထမြောက်အပိုလက္ခဏာတစ်ခုလည်းရှိပြီး၊ ယင်းမှာ ရာသီသွေးစတင်ပေါ်ခြင်း ဖြစ်သည်။
  13. အိမာမ်စုဗ်ကီက မိန့်ဆိုသည်မှာ- “ (صبي) ဟူသည်အရွယ်ငယ်သော ကလေးကိုခေါ်သည်။ အချို့သော ပညာရှင်များကမူ ပြောကြသည်မှာ — မိခင်၀မ်းတွင်းရှိ သန္ဓေသားကို “جنين” (ဂျနီန်) ဟုခေါ်သည်၊ မွေးဖွားလာသောအခါ “صبي” (စွဗီ) ဟုခေါ်ပြီး၊ နို့ဖြတ်ပြီးနောက် ခုနှစ်နှစ်အထိကို “غلام” (ဂုလာမ်) ဟုခေါ်ကာ၊ ထို့နောက် ဆယ်နှစ်အထိကို “يافع” (ယာဖိအ်) ဟုခေါ်ပြီး၊ ဆယ့်ငါးနှစ်အထိကို “حزور” (ဟဇူရ်) ဟုခေါ်ဆိုသည်။ သို့ရာတွင် ဤအခြေအနေ (အသက်အပိုင်းအခြား) အားလုံးတွင် ‘တွင် ထိုကလေးအား “صبي” (စွဗီ) ဟူ၍ပင် ခေါ်ဆိုနိုင်ကြောင်း အိမာမ်စူယူသွီက မိန့်ဆိုခဲ့သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ အင်ဒိုနီးရှား ထပ်၍ (51)
အမျိုးအစားများ
ထပ်၍