+ -

عن أبي هريرة رضي الله عنه مرفوعًا: «إِنَّ الله -تَعَالى- يَغَارُ، وغَيرَةُ الله -تَعَالَى-، أَنْ يَأْتِيَ المَرء ما حرَّم الله عليه».
[صحيح] - [متفق عليه]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ ဧကန်အမှန်ပင် ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည် (အမျက်ဒေါသဖြင့်)မခံချင်စိတ် ဖြစ်တော်မူသည်။ အရှင်မြတ်၏ မခံချင်စိတ်ဖြစ်ခြင်းသည် လူတစ်ဦးက အလ္လာဟ်အရှင်မြတ် တားမြစ်ထားသည့် အရာကိုကျူးလွန်သည့် အခါတွင်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ တားမြစ်ချက်များကို ချိုးဖောက်လျှင် အရှင်မြတ်သည် (အမျက်ဒေါသဖြင့်)မခံချင်စိတ်ဖြစ်တော်မူကြောင်း ဤဟဒီးဆ်တော်တွင် လာရှိထားသည်။ အရှင်မြတ်သည် မိမိ၏ကန့်သတ်ချက်များကို ကျူးလွန်ခြင်းအားနှစ်သက်ခြင်းမရှိ၊ အမျက်တော်ရှတော်မူသည်။ ၎င်းတားမြစ်ချက်များတွင်(ဇိနာ) တရားမဝင် ကာမကျူးလွန်ခြင်း၏ ရွံ့ရှာဖွယ်ရာကိစ္စလည်း ပါဝင်ပြီး ၎င်းသည် အလွန်ဆိုးယုတ်သည့်လမ်းစဉ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်တို့အပေါ် (ဇိနာ)တရားမဝင် ကာမကျူးလွန်ခြင်းနှင့် ၎င်းအားဖြစ်စေသည့် အကြောင်းခံအားလုံးကို တားမြစ်ပိတ်ပင်ထားသည်။ ကျွန်တစ်ဦးသည် တရားမဝင် ကာမအမှုကျူးလွန်သည့်အခါ အလ္လာဟ်အရှင်မြတ်သည် အခြားအပြစ်အကုသိုလ်များ ကျူးလွန်ခြင်းထက်ပို၍ (အမျက်ဒေါသဖြင့်) မခံချင်စိတ်ဖြစ်တော်မူသည်။ ထိုနည်းတူ အမျိုးသားချင်း လိင်တူဆက်ဆံခြင်းကို ကျူးလွန်ခြင်းသည် ပို၍ပင်ပြင်းထန်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် လိင်တူဆက်ဆံခြင်းအား(ဇိနာ)တရားမဝင် ကာမကျူးလွန်ခြင်းထက်ပို၍ စက်ဆုပ်ရွံ့ရှာဖွယ်ရာအဖြစ် သတ်မှတ်ထားသည်။ ထိုနည်းတူ ခိုးခြင်း၊အရက်သောက်ခြင်းနှင့် ပြစ်မှုတိုင်းအား ကျူးလွန်သည့် အခါတွင်လည်း အလ္လာဟ်အရှင်မြတ်သည် (အမျက်ဒေါသဖြင့်) မခံချင်စိတ်ဖြစ်တော်မူသည်။ သို့သော် အချို့ပြစ်မှုများထက် အချို့ပြစ်မှုများတွင် (အမျက်ဒေါသဖြင့်)မခံချင်စိတ် ဖြစ်ခြင်းသည် ပို၍ပြင်းထန်သည်။ ဤသည် ပြစ်မှုအတိုင်းအတာနှင့် နောက်ဆက်တွဲဆိုးကျိုးများပေါ် မူတည်၍ ကွာခြားခြင်းဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি অরমো কন্নড় الولوف আজারী الأوكرانية الجورجية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တားမြစ်ထားသည့်အရာများကို ကျူးလွန်ခြင်းမှ ဝေးစွာရှောင်ကြဉ်ရမည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ကျူးလွန်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမျက်ဒေါသဖြစ်စေသည့် အကြောင်းခံဖြစ်သည်။
  2. ချွတ်ယွင်းမှုအပေါင်းမှကင်းစင်ပြီး ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်တွင် အရှင်မြတ်၏ကြီးကျယ်မှုနှင့် လျော်ညီသည့်အတိုင်း (ဂိုင်ရသ်)မခံချင်စိတ်ရှိကြောင်းကို အတည်ပြုထားသည်။
  3. အလ္လာဟ်အရှင်မြတ် စောင့်ကြပ်ကြည့်ရှုနေတော်မူခြင်းအားသိရှိရသည်။ ၎င်းအပြင် အရှင်မြတ်၏ တားမြစ်ချက်များကို ကျူးလွန်သည့်အခါ အရှင်မြတ်၏ အပြစ်ဒဏ်နှင့် အမျက်ဒေါသကို ကြောက်ရွံ့ရမည်။
ထပ်၍