အမျိုးအစား: . . .
+ -
عن أبي سعيد الخُدْريِّ رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول:

«‌مَنْ ‌رَأَى ‌مِنْكُمْ ‌مُنْكَرًا فَلْيُغَيِّرْهُ بِيَدِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ، وَذَلِكَ أَضْعَفُ الْإِيمَانِ».
[صحيح] - [رواه مسلم] - [صحيح مسلم: 49]
المزيــد ...

အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 49]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်တို့က တားမြစ်ထားသည့်) မကောင်းမှုများအား တတ်စွမ်းနိုင်သမျှ တားမြစ်ရန် မိန့်ကြားတော်မူခဲ့သည်။ အကယ်၍ အကြင်သူသည် မကောင်းမှုတစ်ခုအား မြင်တွေ့ပါက ထိုမကောင်းမှုအား လက်ဖြင့်တားမြစ်ရန်တတ်စွမ်းနိုင်လျှင် ၎င်းအပေါ်၌ လက်ဖြင့်တားမြစ်ရန် တာဝန်ရှိသည်။ အကယ်၍ လက်ဖြင့်တားမြစ်ရန် မတတ်စွမ်းနိုင်ပါက ၎င်းမကောင်းမှုအား မိမိ၏နှုတ်လျှာဖြင့်တားမြစ်ရမည်။ မကောင်းမှုကျူးလွန်သူအား ယင်းမကောင်းမှု၏ဆိုးကျိုးကို ရှင်းပြကာ မကောင်းမှုအစား ကောင်းမှုကို လမ်းညွှန်ပြသပေးရမည်။ အကယ်၍ ဤအဆင့်ကို ပြုလုပ်ရန်မတတ်စွမ်းနိုင်ပါက မကောင်းမှုအား နှလုံးသားဖြင့်တားမြစ်ရမည်။ဆိုလိုသည်မှာ မကောင်းမှုအား စိတ်ထဲ၌ မနှစ်သက်မှုဖြစ်ရမည်။ ထို့ပြင် ထိုမကောင်းမှုအား တားမြစ်နိုင်စွမ်းရှိလာပါက မုချတားမြစ်မည်ဟူသော ခိုင်မာသောဆုံးဖြတ်ချက်ချရမည်။ မကောင်းမှုအား စိတ်နှလုံးသားဖြင့်တားမြစ်ခြင်းသည် အီမာန်၏ အဆင့်အတန်းများအနက် အနိမ့်ဆုံးနှင့် အားအပျော့ဆုံးအဆင့်ပင်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤဟဒီးဆ်တော်သည် မကောင်းမှုအား တားမြစ်သည့်အဆင့်များနှင့်စပ်လျဉ်း၍ အခြေခံမူတစ်ရပ်ဖြစ်သည်။
  2. မကောင်းမှုကိုတားမြစ်ရာ၌ တဆင့်ပြီးတဆင့်ပြီးတားမြစ်ရန်အမိန့်ပေးထားပြီး လူတိုင်းသည်မိမိတတ်စွမ်းနိုင်သမျှတားမြစ်ရမည်။
  3. မကောင်းမှုမှတားမြစ်ခြင်းသည် သာသနာတော်၌ကြီးကျယ်လှသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး ဤတာဝန်နှင့် မည်သူမျှမလွတ်ကင်းပေ။ မွတ်စ်လင်မ်တိုင်းသည် မိမိတတ်စွမ်းမှုနှင့်အညီ တာဝန်ပေးအပ်ခြင်းခံထားရသည်။
  4. ကောင်းမှုကို ညွှန်ကြားခြင်း၊ မကောင်းမှုမှ တားမြစ်ခြင်းသည် အီမာန်၏ လက္ခဏာဖြစ်ပြီး အီမာန်သည် တိုးတက်ခြင်း လျော့နည်းခြင်းရှိသည်။
  5. မကောင်းမှုကိုတားမြစ်ခြင်း၌ ရှိရမည့်အချက်တစ်ချက်မှာ ထိုလုပ်ရပ်သည် မကောင်းမှုဖြစ်ကြောင်း အခိုင်အမာသိရှိထားခြင်း ဖြစ်သည်။
  6. မကောင်းမှုကိုတားမြစ်ခြင်း၌ စည်းကမ်းချက်တစ်ခုရှိသည်။ ၎င်းမှာ မကောင်းမှုကိုတားမြစ်ရာ၌ ထို့ထက်ပို၍ဆိုးသော မကောင်းမှု ဖြစ်ပေါ်လာခြင်းမရှိစေရပါ။
  7. မကောင်းမှုကို တားမြစ်ခြင်းတွင် စည်းကမ်းချက်များ၊ ကျင့်ဝတ်များရှိသောကြောင့် မွတ်စ်လင်တစ်ဦးအနေဖြင့် ၎င်းတို့အား လေ့လာသင်ယူရမည်။
  8. မကောင်းမှုကို တားမြစ်ရာ၌ ရှရီအဟ်၏မူဝါဒ၊ အသိပညာနှင့် ခိုင်လုံသောသက်သေများ ရှိရန်လိုအပ်ပေသည်။
  9. မကောင်းမှုအား နှလုံးသားဖြင့်ပင် မတားမြစ်ခြင်းသည် အီမာန်အားနည်းမှုကို ညွှန်ပြနေသည်။
الملاحظة
إرشاد من هو تحت يد الشخص وتحت رعيته وتغيير المنكر إذا صدر منهم.
ذكر المراجع
النص المقترح الرجوع للكتاب والسنة لمعرفة ترتب العقوبة على المنكر، وليس باتباع الأهواء. إرشاد من هو تحت يد الشخص
الملاحظة
للنهي عن المنكر آداب وشروط ينبغي على المسلم أن يتعلمها.
ممتاز
النص المقترح للنهي عن المنكر آداب وشروط ينبغي على المسلم أن يتعلمها.
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি الفولانية အီတလီ অরমো কন্নড় الولوف البلغارية আজারী اليونانية الأوزبكية الأوكرانية الجورجية اللينجالا المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်
အမျိုးအစားများ
  • . .
  • . .
ထပ်၍