عَنْ عَائِشَةَ رَضِيَ اللَّهُ عَنْهَا عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«الرَّضَاعَةُ تُحَرِّمُ مَا تُحَرِّمُ الوِلَادَةُ».

[صحيح] - [متفق عليه] - [الأربعون النووية: 44]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အာအိရှာဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မွေးဖွားခြင်းကြောင့် ဟရာမ်ဖြစ်စေတယ့် တော်စပ်မှု‌များသည် နို့စို့ခြင်းကြောင့်လည်း ဟရာမ်ဖြစ် စေသည်။

[صحيح] - [متفق عليه] - [الأربعون النووية - 44]

ရှင်းလင်းချက်

တမန်တော်မြတ် ﷺ က ဤဟဒီးစ်တော်တွင် မိခင်ဘက်မှ‌တော်စပ်သည့်ဦးလေး၊ ဖခင်ဘက်မှတော်စပ်သည့် ဦး‌လေး သို့မဟုတ် ညီအစ်ကိုမောင်နှမတို့နှင့် သွေးသားတော်စပ်မှုကြောင့်( နိကဟ်ပြုခြင်း ) ဟရာမ်ဖြစ်သလို၊ နို့စို့ခြင်းကြောင့် ( တော်စပ်သည့် နို့စို့ဘက် ညီအစ်ကိုမောင်နှမများနှင့်လည်း နိကဟ်ပြုခြင်း ) ဟရာမ်ဖြစ်ကြောင်း ရှင်းလင်းတင်ပြတော်မူခဲ့သည်။ ထို့ပြင် နို့စို့ခြင်းသည် မွေးဖွားခြင်းကဲ့သို့ပင် အခြားသောအမိန့်ပညတ်ချက်များကိုလည်း ခွင့်ပြုထားသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဟဒီးစ်တော်တွင် နို့စို့ခြင်းဆိုင်ရာ အမိန့်ပညတ်ချက်များအတွက် အခြေခံမူတစ်ရပ်ကို ဖော်ပြထားသည်။
  2. အိမာမ် အိဗ်နေ ဟဂျရ်က " မွေးဖွားခြင်းကြောင့် ဟရာမ်ဖြစ် စေတယ့် တော်စပ်မှု‌များသည် နို့စို့ခြင်းကြောင့်လည်း ဟရာမ်ဖြစ်စေသည် " ဆိုသည့် မိန့်ဆိုချက်မှာ (မွေးဖွားခြင်းကြောင့် ( သွေးသားတော်စပ်မှုကြောင့်) ပြုပိုင်ခွင့်ရှိသည့်အရာများသည် နို့စို့ခြင်းကြောင့် ( တော်စပ်မှုတွင်လည်း ) ခွင့်ပြုပေးသည် ဟူ၏။ ထိုသို့ဖြစ်ခြင်းသည် ထိမ်းမြားမှုများကို ဟရာမ်ဖြစ်စေခြင်းနှင့် ၎င်း၏ အဆက်အနွယ်များ၊ နို့စို့ကလေးနှင့် နို့ထိန်း၏သားသမီးများကြား ဟရာမ်ဖြစ်ခြင်း ပျံ့နှံ့မှုတို့နှင့် စပ်လျဉ်း၍ ပညာရှင်များအားလုံး၏ အိဂ်ျမာအ် ( သဘောတူညီချက် )ဖြစ်သည်။ ထို့ပြင် ၎င်းတို့ ( နို့စို့ဘက်‌ မောင်နှမများ)အား ( နိကဟ်ဟရာမ်ဖြစ်သော ) ဆွေမျိုး သားချင်းများကဲ့သို့သော ကြည့်ရှုခွင့်၊ နှစ်ကိုယ်တည်းရှိခွင့်နှင့် ခရီးအတူထွက်ခွင့်များကို ခွင့်ပြုခြင်းတို့တွင်လည်း (ဆွေမျိုးများကဲ့သို့သော အဆင့်အတန်းကို ပေးအပ်ထားသည်)။ သို့ရာတွင် ၎င်းအမိန့်ပညတ်ချက်တွင် မိခင်ဖြစ်ခြင်း၏ အခြားသော ပြဋ္ဌာန်းချက်များဖြစ်သည့် အမွေဆက်ခံခွင့်၊ စားနပ်ရိက္ခာပေးရန် တာဝန်ရှိခြင်း၊ ပိုင်ဆိုင်မှုကြောင့် လွတ်မြောက်ခြင်း၊ သက်သေခံခွင့်၊ ဒီယသ်သွေးလျော်ကြေး ( အသတ်ခံရသူ၏ မိသားစုအား လျော်ပေးငွေ) ပေးချေခြင်းနှင့် ကိစွာစ် ( အသက်အစားယူခြင်း ) ကို ကင်းလွတ်ခွင့်‌ ပေးနိုင်ခြင်းတို့မာမူ ပါဝင်ခြင်းမရှိပေ။
  3. နို့စို့ခြင်းကြောင့် ဟရာမ်ဖြစ်ခြင်း၏ အမိန့်ပညတ်ချက်သည် အမြဲတမ်း ဟရာမ်တားမြစ်ခြင်းဖြစ်ကြောင်း အတည်ပြုချက်။
  4. အခြား‌သောဟဒီးဆ်ဆင့်ပြန်ချက်များတွင် နို့တိုက်ခြင်းကြောင့် ဟရာမ်ဖြစ်ခြင်းသည် ပထမ ( ၂ ) နှစ်အတွင်း သတ်သတ်မှတ်မှတ် ငါးကြိမ် နို့တိုက်ကျွေးခြင်းဖြင့်သာ အတည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
  5. သွေးသားတော်စပ်ခြင်းအရ ဟရာမ်ဖြစ်သောအမျိုးသမီးများမှာ -
  6. · မိခင်များ (အမေ၊ အဘွား၊ အဘိုး၏အမေ၊ အဘွား၏အမေ စသည်ဖြင့် အထက်ဆက်အားဖြင့် မိခင်ဘက်မှ ဖြစ်စေ၊ ဖခင်ဘက်မှ ဖြစ်စေ)
  7. · သမီးများ ၊ (သားများ၏ သမီးများ၊ သမီးများ၏ သမီးများဖြစ်သည့် မြေး၊ မြစ် အောက်ဆက်အားဖြင့် သမီးများ)
  8. · ညီမများ (မိတူဘတူ ဖြစ်စေ၊ အမေတူ ဖြစ်စေ၊ အဖေတူဖြစ်စေ )
  9. အဒေါ်များ (ဖခင်ဘက်မှ အဒေါ်များ (ဖခင်၏ညီမအရင်းချာများ သို့ အဖေတူ သို့ အမေတူ ညီမများဖြစ်စေ)၊ ဖခင်ဘက်မှ အဘိုးများ၏ ညီမများ (အထက်ဆက်အားဖြင့်))
  10. · မိခင်ဘက်မှ အဒေါ်များ (မိခင်၏ ညီမအရင်းချာများ သို့ အဖေတူ သို့ အမေတူ ညီမများဖြစ်စေ)၊ ဖသွေးချင်းဖြစ်စေ မဖြစ်စေ)၊ မိခင်ဘက်မှ အဘွားများ၏ ညီမများ (အထက်ဆက်အားဖြင့် - ဖခင်ဘက်မှ အဘွားဖြစ်စေ၊ မိခင်ဘက်မှ အဘွားဖြစ်စေ)
  11. · ညီမ၊ အစ်မတို့၏သမီးများ၊ ညီ၊ အစ်ကိုတို့၏သမီးများ ( ၎င်းတို့၏သမီးများ၊ မြေး၊ မြစ် အောက်ဆက်အားဖြင့် သမီးမိန်းကလေးများ ) ဖြစ်သည်။
  12. နို့တိုက်ခြင်းကြောင့်ဟရာမ်ဖြစ်သော အမျိုးသမီးများ - ၎င်းတို့မှာ သွေးသားတော်စပ်မှုအရ ဟရာမ်ဖြစ်သော အမျိုးသမီးများကဲ့သို့ ဟရာမ်ဖြစ်သည်။ သွေးသားတော်စပ်မှုအရ ဟရာမ်ဖြစ် သော အမျိုးသမီးတိုင်းသည် နို့တိုက်ခြင်းကြောင့်လည်း အလားတူဟရာမ်ဖြစ်သည်။ သို့ရာတွင် နို့စို့ဘက် ညီအစ်ကို၏ မိခင်အရင်းနှင့် ( မိမိ၏ သားနှင့် ) နို့စို့ဘက် သား၏သမီးတို့မှာ နို့တိုက်ခြင်းကြောင့် ဟရာမ်မဖြစ်ပါ။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)
ထပ်၍